Entries by taangwomenorg

မတရားဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခံရသည့် ရွာသား ၃ ဦး အတွက် မြန်မာနိုင်ငံအရပ်ဖက်အဖွဲ့အစည်းများမှအမှန်တရား ပေါ်ပေါက်ရန်နှင့် တရားမျှတမှု ရရှိရန်တောင်းဆိုခြင်း

မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တွင် နေထိုင်သော ရွာသား ၃ ဦးသည် မေလ ၂၉ ရက် ၂၀၂၀ ခုနှစ်တွင် မြန်မာ့တပ်မတော် တပ်မ (၉၉)၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၃ လ ကြာ သတင်းအစအန ပျောက်ဆုံးပြီးနောက် သြဂုတ်လ ၂၀ ရက်နေ့တွင် ရွာသူ ရွာသားအချို့မှ အလောင်းကို စတင်တွေ့ရှိပြီး သက်ဆိုင်ရာ မူဆယ်မြို့ ရဲစခန်းသို့ အသိပေး အကြောင်းကြားပြီး တူးဖော်ကြည့်ခဲ့ရာ ပျောက်ဆုံး နေသည့် ရွာသားများ၏ အလောင်း ဖြစ်ကြောင်း သိရသည်။ ၎င်းရွာသား ၃ ဦးအနက် နှစ်ဦး (မိုင်းညီလိတ်နှင့်မိုင်းညီထော်န်း) သည် မူဆယ်မြို့နယ် နမ့်ကတ်အုပ်စု မန်ကန်ကျေးရွာနှင့် မိုင်းဆက်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မီးသွေးဖုတ်နေစဉ် မြန်မာ့တပ်မတော် တပ်မ ၉၉ ၏ […]

ကျောက်မဲမြို့နယ် ဒေသခံအမျိုးသမီး( ၂) ဦး လူသားမဆန်စွာ အသတ်ခံရသည့်အပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

၁။ ၂၀၂၀ခုနှစ် မေလ (၁၈)ရက်နေ့တွင် ကျောက်မဲမြို့နယ် ချောင်းချောက်အုပ်စု ဖလိန်းကျေးရွာနေ အမျိုးသမီး (၂) ဦး ဖြစ်သည့် ယာအေးယိန်း (အသက် – ၆၀ နှစ်) နှင့် ယာအေးထွေး (အသက် – ၅၀ နှစ်) တို့အား အမည်မသိ လူသတ်သမားက လက်ဖက်ခြံတဲအတွင်း လူသားမဆန်စွာ သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့သည်။ ၂။ ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိပြည်သူလူထုသည် လက်နက်ကိုင်အဖွဲ့အစည်းများသာမက အခြား အမည်မသိ လူသတ်သမားများ၏ မကြာခဏသတ်ဖြတ်ခြင်းကို ခံနေရသည်။ ထိုသို့ဖြစ်ပွား လျက်ရှိသော လူသားမဆန်စွာ သတ်ဖြတ်ခြင်းအပေါ် မိမိတို့တအာင်းအရပ်ဖက်အဖွဲ့အစည်းမှ လွန်စွာစိတ်မကောင်းဖြစ်မိ ပါသည်။ ၃။ ၂၀၂၀ ခုနှစ်အတွင်း ယခုဖြစ်စဉ်အပါအဝင် ရှမ်းပြည်မြောက်ပိုင်းတွင် စုစုပေါင်းဒေသခံ (၁၂)ဦး အသတ်ခံခဲ့ရသော်လည်း တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ အမှန်တရား ပျောက်ဆုံးနေခြင်းသည် […]

မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံ မိဘပြည်သူတစ်ရပ်လုံးသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကို တုန်လှုပ်စွာ ရင်ဆိုင်နေရချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်းမိဘပြည်သူများသည် မြန်မာ့တပ်မတော်၏ မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သေဆုံးခြင်း စသည့်လူ့အခွင့်အရေးများ ကျူးလွန် ချိုးဖောက်ခံနေရသောကြောင့် တစ်ချိန်တည်းတွင် ကပ်အန္တရာယ် နှစ်ခုကို ခါးစည်းစွာ ရင်ဆိုင်ခံစားနေရပါသည်။ ၂။ မတ်လ တစ်လတည်းတွင်ပင် မြန်မာ့တပ်မတော်သည် ရှမ်းပြည်နယ် မြောက်ပိုင်း တွင် တအာင်းပြည်သူများအား မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ချိုးဖောက်ခံရသူပေါင်း (၁၈) ဦး၊ သေဆုံးသူ (၁)ဦး ရှိခဲ့ပါသည်။ ဖြစ်စဉ်များမှာ- (က) မတ်လ ၂၅ ရက်နေ့တွင် မြန်မာ့တပ်မတော် တပ်ရင်း (၂၇၆)မှ မိုးမိတ်မြို့နယ် ဟဲထင်ရွာသူ (၁)ဦး၊ ပန်တင်ကျေးရွာ ဥက္ကဌနှင့် […]

ညောင်မောင်း ရွာအတွင်း လက်နက်ကြီးကျရောက်ပြီး သားအမိနှစ်ဦး သေဆုံး

ဇန်နဝါရီလ ၂၈ ရက် နေ့လည် ၂နာရီဝန်းကျင်ခန့်တွင် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာနှင့် ပါလိုင်ကျေးရွာ အကြားတွင် မြန်မာ့တပ်မတော်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးနေစဉ် ညောင်မောင်းရွာထဲ လက်နက်ကြီးကျသဖြင့် ဒေါ်ခင်စိန်တို့ သားအမိ ထိခိုက်သေဆုံးပြီး နေအိမ်များလည်း ပျက်ဆီးနေကြောင်း သိရသည်။ ရွာသားတစ်ဦး ပြောပြချက်အရ “မြန်မာ့တပ်မတော်က TNLAကို လက်နက်ကြီးနဲ့ ဆက်တိုက်လှမ်းပစ်လာတဲ့ အချိန်မှာ ရွာသားတွေအားလုံးက ဗုံးခိုကျင်းထဲမှာပဲ နေကြတယ်။ ဒေါ်ခင်စိန်က သူ့သားဝတ်ဖို့အတွက် အိမ်ပေါ် တက်ပြီး အနွေးထည်သွားယူတယ် သူ့သမီးက ကျောင်းဝတ်စုံလဲဖို့ လိုက်သွားတာ ပြန်ထွက်လာတဲ့ အချိန်မှာပဲ သူတို့ သားအမိနှစ်ယောက်ကို လက်နက်ကြီးထိပြီး သေဆုံးသွားတယ်”ဟု တအာင်းမျိုးသမီးအဖွဲ့အစည်းထံ ပြောပြသည်။ သေဆုံးသွားသည့် အမျိုးသမီးတွင် ကလေးနှစ်ဦးကျန်ရှိနေပြီး ဒေသခံများလဲ တိုက်ပွဲ ထပ်မံဖြစ်ပွါးမည်ကို စိုးရိမ်ထိပ်လန့်စွာနေထိုင်နေကြရသည်။ ထို့အပြင် ညောင်မောင်းကျေးရွာထဲတွင် […]

သားအမိနှစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှု ခံယူနေရ

ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ကျောက်ဖြူကျေးရွာအုပ်စု ကွမ်စလန်းရွာနေ သားအမိဖြစ်သူ ဒေါ်နွယ်နှင့် လွေးရှီလာဝ် တို့ မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သဖြင့် လားရှိုး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။ မိုင်းစထိသော ဒေါ်နွယ်ပြောပြချက်အရ “ ကျမတို့ သားအမိက ရွာနားမှာရှိတဲ့ လက်ဖက်ခြံထဲမှာ နေကြတယ် သုံးဖို့ ထင်းကောက်နေ့တဲ့အချိန်မှာပဲ မိုင်းပေါက်ကွဲတာ သမီးကဒဏ်ရာ ပိုပြင်းတယ် ဘုန်းဘုန်းတို့ ချက်ချင်းမရောက်လာရင် သမီးလေးအသက်တောင် ဆုံးနိုင်တယ်”ဟု ပြောသည်။ အသက်(၄၉)နှစ်ရှိ ဒေါ်နွယ်သည် ညာဘက် ခြေတစ်လုံးနှင့်ပေါင်တွင် ဒဏ်ရာရရှိပြီး အသက် (၁၃)နှစ်ရှိ လွေးရှီလာဝ်မှာ ညာဘက် ခြေချင်းဝတ်နှင့် ညာဘက်နံရိုးတွင် ဒဏ်ရာပြင်းထန်သဖြင့် လားရှိုးဆေးရုံတွင် ခွဲစိတ်ကုသမှုနေသည်။ မိုင်းထိသော လူနာသားအမိကို ကျောက်မဲအိုမ်တမာဝ် လူမှုကူညီရေးအသင်း၏ အကူအညီဖြင့် […]

ကျောင်းဆရာမအား သေနတ်ဖြင့် ပစ်သတ်ခြင်းအပေါ် တရားမျှတမှု ရရှိစေရေးအတွက် တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သဘောထားထုတ်ပြန်ချက်

၁) ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ ကျောင်းဆရာမ အသက် (၂၆) နှစ် ရှိ လွေးမြမွှေးအောင်နှင့် မိုင်းဖိုးစိန်အမည်ရှိ TNLA တပ်ဖွဲ့ဝင်တစ်ဦးတို့သည် လူငယ်ချင်း ချစ်ကြိုက်ပြီး (၃) နှစ်ခန့် ချစ်သူရည်စားဖြစ်ကြပါသည်။ ဇန်နဝါရီလ ၂၄ ရက် ည (၇) နာရီခန့်တွင် လူငယ်ချင်း သဘောထား မတိုက်ဆိုင်မှုကြောင့် အချင်းချင်း စကားများပြီး မိုင်းဖိုးစိန်မှ ဆရာမနေအိမ်အတွင်း သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့သည်။ ၂) မည်သို့ပင် သဘောထားမတိုက်ဆိုင်စေကာမူ အချင်းချင်းစကားများပြီး သေဆုံးသည်အထိ ရက်စက်စွာ ပစ်သတ်ခြင်းသည် အမျိုးသမီးများ၏ ဘဝလုံခြုံမှုကို ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်စေသည့်အပြင် ပြည်သူလူထုအပေါ် တုန်လှုပ်ခြောက်ခြားစေသည့် ဖြစ်ရပ်ဖြစ်သဖြင့် အမျိုးသမီးအရေးလှုပ်ရှားနေသည့် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။ ၃) ဤဖြစ်စဉ်နှင့် […]

မြန်မာ့တပ်မတော် တပ်မ (၈၈) ခေါ်ဆောင်သွားသည့် ရွာသားတစ်ဦး မိုင်းထိပြီး ဒဏ်ရာရရှိ

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကောင်ကလောင်းအုပ်စု ငေါ့စဗစ်ကျေးရွာသား ၂ ဦးသည် ဇန်နဝါရီ ၂၄ ရက် ၂၀၂၀ ခုနှစ်တွင် မြန်မာ့တပ်မတော် တပ်မ (၈၈) ၏ လမ်းပြအဖြစ် လိုက်သွားရာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖြစ်စဉ်တွင် မြန်မာ့တပ်မတော် တပ်မ (၈၈) မှ ငေါ့စဗစ်ကျေးရွာသို့ ရောက်လာပြီး ၎င်းတို့ စစ်ကြောင်းကို လမ်းပြအဖြစ် ခဏ ပို့ပေးရန် ရွာသား (၂) ဦးအား ကျေးရွာ ဥက္ကဌနှင့်အတွင်းရေးမှူးထံ တောင်းဆိုခဲ့သည်။ သို့သော် ၎င်းရွာသား (၂) ဦးကို ချက်ချင်းပြန်မလွှတ်ပေးဘဲ ဆက်လက်ခေါ်သွားရာမှ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျောက်လုံးကြီးနှင့် စိန်စိကျေးရွာကြား အရောက် မိုင်းပေါက်ကွဲမှုဖြစ်ပြီး ရွာသားတစ်ဦးအား ထိခိုက်ခဲ့သည်။ ဒဏ်ရာရရှိသူရွာသားကို ကူညီပေးသူတစ်ဦးမှ […]

မူလတန်းပြ ကျောင်းဆရာမ သေနတ်ဖြင့် ပစ်သတ်ခံရ

ဇန်နဝါရီလ (၂၄)ရက်နေ့ ညနေ(၇) နာရီအချိန် ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာတွင် မူလတန်းပြ တာဝန်ကျနေသော ကျောင်းဆရာမ တစ်ဦးကို အမည်မသိ လူငယ်တစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခြင်းကြောင့် သေဆုံးကြောင်း သိရသည်။ ဖြစ်စဉ်မှာ လွေးမြမွှေးအောင် အသက် (၂၆)နှစ်သည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ရပ်ကွက်(၄)ဇာတိမှ တားယိုင်ကြိမ်နှင့် ယားအောင်မိ တို့၏သမီးဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာ အ.မ.က ဆမ်ဝမ် မူလတန်းကျောင်းတွင် ကျောင်းဆရာမ တာဝန်ကျနေသူ တစ်ဦး ဖြစ်သည်။ မနေ့ည (၇)နာရီအချိန်တွင် လူငယ်ချင်း အချင်းချင်းသဘောထား မတိုက်ဆိုင်ရာမှ စကားများကြပြီး အမည်မသိ လူငယ်တစ်ဦးမှ သူမအား သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သူမ၏ ရုပ်အလောင်းကို ကွတ်ခိုင်ရင်ခွဲရုံသို့ သယ်ဆောင်သွားပြီး စစ်ဆေးရာတွင် မျက်နှာ၏ ဘယ်ပါးနှင့် […]

အာဗြောင်ရွာသား ၃ ဦး မိုင်းနင်းမိ၍ ဒဏ်ရာများစွာ ရရှိပြီး ဆေးရုံတက်ရ

ဇန်နဝါရီလ ၂၃ ရက် ၂၀၂၀ ခုနှစ်တွင် အာဗြောင်ကျေးရွာ၊ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်မဲခရိုင်တွင် နေထိုင်သည့် ရွာသား ၃ ဦး မိုင်းနင်းမိ၍ ဒဏ်ရာကိုယ်စီ ရရှိပြီး ကျောက်မဲနှင့် မန္တလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။ ဒဏ်ရာရရှိသူများမှာ မိုင်းအိုက်လင်း (၃၀) နှစ်၊ မိုင်းကျော်ရွှင် (၂၆) နှစ် နှင့် မိုင်းမင်းနိုင် (၂၇) နှစ် တို့ဖြစ်ပြီး တောင်ယာတွင် ထင်းခုတ်ရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် ကျေးရွာနှင့် ၁၀ မိခန့် အကွာအဝေးတွင် မိုင်းထိမိပြီး ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။ ခြေထောက်တွင် ဒဏ်ရာရရှိသူ မိုင်းအိုက်လင်းနှင့် မိုင်းကျော်ရွှင်မှ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသူ မိုင်းမင်းနိုင်မှ မန္တလေးဆေးရုံသို့ […]

တောင်ပလို့ရွာခံ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာများစွာ ရရှိ

မနေ့ (၁၀) နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကွမ်စလန်းအုပ်စု တောင်ပလို့ကျေးရွာ နေထိုင်သူ နန်းပေါင်းဟွမ်သည် ကျေးရွာမှ ကျောက်မဲသို့ သွားနေစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိကာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။ ဖြစ်စဉ်တွင် နန်းပေါင်းဟွမ်သည် သူငယ်ချင်းဖြစ်သူကို လားရှိုးသို့ သွားပို့ရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် လမ်းတစ်ဝက် အရောက်တွင် ခဏနားပြီး အပေါသွားရာမှ မိုင်းနင်းမိကာ ခြေထောက် ၊ ဘယ်ဘက်လက်၊ နောက်ကျောတို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့သည်။ ကာယကံရှင်ဖြစ်သူ နန်းပေါင်းဟွမ်မှ “ သူငယ်ချင်းကို လိုက်ပို့မလို့ တော့ဆန်နှင့် ကလောင်းဝန်ရွာ ကြားရောက်တဲ့အခါ အပေါ့သွားချင်လို့ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး သွားတာ၊ ပြန်ထတဲ့အချိန် နင်းမိသွားတယ်၊ အစက လက်ပဲထိတယ်ထင်တာ၊ လမ်းမပေါ်တောင် လမ်းလျှောက် […]