နောင်ချိုမှာ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေတစ်ဖက်ပြတ်

အကြမ်းဖက်စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်တွင် ဒေသခံအမျိုးသား တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီးခြေထောက်တစ်ဖက်ပြတ်ထွက်ခဲ့ကြောင့် ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့်ဧပြီလ ၁၆ ရက် နံနက်ပိုင်း ၁၁ နာရီအချိန် တွင် ကြံခင်းအတွင်းတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကြံခုတ်သွားသည့် မြက်ခြင်းနုကျေးရွာခံ အမျိုးသား တစ်ဦး မြေမြှုပ်မိုင်းထိခိုက်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။

သူ့က ကြံသွားခုတ်ရင်းနဲ့ မိုင်းထိတယ်။ ကြံခင်းမှာပဲ မိုင်းရှိတယ်။ ကြံခင်းက ရွာနီးနားလေးပဲ။ မိုင်းထိပြီး ဘယ်ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ ခြေကောက်ဝတ်ကနေပဲ ပြတ်သွားတယ်။ ကျန်တဲ့နေရာတော့ မထိဘူး။ ’’ ဖြစ်စဉ်သိရှိသူ ဦးတင်လှိုင်မှ ဆိုပါသည်။

ထိုသို့ မြေမြှုပ်မိုင်းထိခိုက်သည့်သူသည် အသက် ၃၃ နှစ်အရွယ်ရှိ မြက်ခြင်းနုရွာခံ ကိုကျော်ရဲလွင်ပဲဖြစ်ပြီး ယနေ့အချိန်ထိ ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှုရှိပြီး ဆေးကုသစားရိတ်အတွက် အကူအညီလိုအပ်ကြောင့်လည်း ထပ်မံသိရှိရပါသည်။

နောင်ချိုမြို့နယ်တွင် ပြီးခဲ့သည့် ၁၀၂၇ ဒုတိယစစ်ဆင်ရေးအတွင်းတွင် တအာင်းတပ်မတော်နှင့်အတူပူးပေါင်းတပ်ဖွဲမှ  အကြမ်းစစ်ကောင်စီတို့နှင့် တိုက်ပွဲပြင်းထန်နေသည့် နေရာဒေသဖြစ်သည့်အပြင် ဒေသခံများလည်း မကြာခဏ မြေမြှုပ်မိုင်းထိခိုက်သည့်မြို့နယ်တစ်ခုဖြစ်ပါသည်။