ညောင်မောင်း ရွာအတွင်း လက်နက်ကြီးကျရောက်ပြီး သားအမိနှစ်ဦး သေဆုံး

ဇန်နဝါရီလ ၂၈ ရက် နေ့လည် ၂နာရီဝန်းကျင်ခန့်တွင် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာနှင့် ပါလိုင်ကျေးရွာ အကြားတွင် မြန်မာ့တပ်မတော်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးနေစဉ် ညောင်မောင်းရွာထဲ လက်နက်ကြီးကျသဖြင့် ဒေါ်ခင်စိန်တို့ သားအမိ ထိခိုက်သေဆုံးပြီး နေအိမ်များလည်း ပျက်ဆီးနေကြောင်း သိရသည်။

ရွာသားတစ်ဦး ပြောပြချက်အရ “မြန်မာ့တပ်မတော်က TNLAကို လက်နက်ကြီးနဲ့ ဆက်တိုက်လှမ်းပစ်လာတဲ့ အချိန်မှာ ရွာသားတွေအားလုံးက ဗုံးခိုကျင်းထဲမှာပဲ နေကြတယ်။ ဒေါ်ခင်စိန်က သူ့သားဝတ်ဖို့အတွက် အိမ်ပေါ် တက်ပြီး အနွေးထည်သွားယူတယ် သူ့သမီးက ကျောင်းဝတ်စုံလဲဖို့ လိုက်သွားတာ ပြန်ထွက်လာတဲ့ အချိန်မှာပဲ သူတို့ သားအမိနှစ်ယောက်ကို လက်နက်ကြီးထိပြီး သေဆုံးသွားတယ်”ဟု တအာင်းမျိုးသမီးအဖွဲ့အစည်းထံ ပြောပြသည်။

သေဆုံးသွားသည့် အမျိုးသမီးတွင် ကလေးနှစ်ဦးကျန်ရှိနေပြီး ဒေသခံများလဲ တိုက်ပွဲ ထပ်မံဖြစ်ပွါးမည်ကို စိုးရိမ်ထိပ်လန့်စွာနေထိုင်နေကြရသည်။

ထို့အပြင် ညောင်မောင်းကျေးရွာထဲတွင် မြန်မာ့တပ်မတော်မှ ဝင်လာပြီး ရွာကုန်စုံဆိုင်ထဲတွင်ရှိသော စာသောက်ကုန်များနှင့် နေအိမ်အချို့ရှိ ဆန်၊ စားသောက်ကုန်များနှင့် ပိုက်ဆံများယူသွားကြောင်းနှင့် ရွာအတွင်းနေထိုင်နေကြောင်း ထပ်မံပြောသည်။