မိုးမိတ်ညောင်းနီရွာတွင် စကစတပ်နှင့် ကချင်တပ်တို့အကြားတိုက်ပွဲဆက်လက်ပြင်းထန်
အကြမ်းဖက်စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းမြောက် မိုးမိတ်မြို့နယ် ညောင်နီကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကချင်တပ်မတော်- KIA အကြား တိုက်ပွဲပြင်းထန်နေပါသည်။
စက်တင်ဘာ ယမန်နေ့ ၂၈ ရက် နံနက်ပိုင်းမှစပြီး ညောင်နီရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းကို KIA-ကချင်လွတ်မြောက်ရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ယနေ့ နံနက်ပိုင်းအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသေးကြောင့် ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။
“ တိုက်ပွဲက မနေ့ တစ်နေကုန်ဖြစ်နေတာ။ ဒီမနက်အစာကြီးကတည်းက Y -12 နဲ့ဂျတ်လာကြဲသွားတယ်။ မနေ့က တပေါင်းပွဲလုပ်တဲ့နေရာ ရွှေမြင်တင်ဘုရားတောင်ကို လုနေကြတယ်။ လေယာဉ်လဲ အဲ့မှာပဲကြဲတယ်။ ဘုရားတောင်က ညောင်းနီရွာနားမှာရှိတယ်။ ဗမာစစ်တပ်က ဘုရားတောင်မှာ တပ်စခန်းချထားတယ်။ ကချင်တပ်တွေက အနောက်ကနေဝင်တိုက်တာ။ ဗမာစစ်တပ်တွေဘက်က မနေ့ည တစ်ညလုံး လက်နက်ကြီးရမ်းတမ်းပစ်နေတယ်။ ဒီမနက်အထိလည်း လက်နက်သံတွေကြား နေရတုန်းပဲ ။ တိုက်ပွဲက ရွှေဇာလီရွာအနားထိရောက်နေတယ်”ဟု ဒေခံတစ်ဦးမှ ပြောပါသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ညောင်းနီကျေးရွာ ဒေသခံ အချို့မှ အခြားသော နီးစပ်သည့် ကျေးရွာများကို စစ်ရှောင်နေရကြောင့် သိရှိရပါသည်။
