Tag Archive for: အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ခြင်း

နမ့်ဖတ်ကာပန်ဂျရောပ်ကျေးရွာအုပ်ချုပ်ရေးမှူသတ်ဖြတ်ခံရ

ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု ပန်ဂျရောပ်ကျေးရွာတွင် နေထိုင်သည့် အသက် ၄၅ နှစ်ခန့်ရှိ ဦးအိုက်ယိုင်သည် ကျေးရနီးရှိ မိမိ၏ခြံအတွင်း ပြီးခဲ့သည့် ၈ ရက်နေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီအတွင်းတွင် သတ်ဖြတ်ခံခဲ့ရပါသည်။ သတ်ဖြတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားသည် ပန်ဂျရောပ်ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်သူဖြစ်ပါသည်။ သတ်ဖြတ်မှုဖြစ်စဉ်မဖြစ်မီတစ်ရက်အလိုတွင် ခြံအတွင်းရှိ ပြောင်းဖူးများ ခိုးယူခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် သေဆုံးသွားသည့်ဦးအိုက်ယိုင်နှင့် ၎င်း၏ ဇနီးဖြစ်သူမှ  ခြံကို စောင့်ကြည့်ရန်အတွက်  ၇ ရက်နေ့တွင် ခြံသို့ သွားရောက်အိပ်ခဲ့ပြီး နောက်နေ့ နံနက်အစောပိုင်းကို အိမ်ကို ပြန်လာခဲ့ပါသည်။ ၈ ရက်နေ့ နံနက်စာစားပြီးနောက် နံနက် ၁၀ နာရီခန့်တွင် ခြံသို့ ပြန်လည်သွားခဲ့ပြီး ထိုနေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီအတွင်း သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။ နေ့လည်စာအတွက် ယူဆောင်သွားသည့် ထမင်းနှင့်ဟင်းများကိုပင် စားသုံးခြင်းမရှိဘဲ ဆိုင်ကယ်တူးဘောက်အတွင်း ကျန်ရှိနေခဲ့ကြောင့် ၎င်း၏ ဇနီးဖြစ်သူ ယာအီမွန်မှ ပြောဆိုပါသည်။ ဇနီးဖြစ်သူ ယာအီမွန်၏ ပြောြပချက်အရ “သတ်ဖြတ်ခံရတဲ့အချိန်က ၁၁ နာရီနဲ့ ၁၂ ကြားပဲဖြစ်မယ်၊ သူ့ယူသွားတဲ့ နေ့လည်စာတောင် မစားလိုက်ရဘူး၊ ၈ရက်နေ့ ညနေလည်း အိမ်ပြန်မရောက်ဘူး၊ ၉ ရက်နေ့လည်း အိမ်မရောက်သေးဘူး ဖုန်းဆက်ကြည့်တော့စက်ပိတ်ထားတယ်၊ အဲလိုပဲဖြစ်နေတယ်၊ ၁၁ ရက်နေ့ရောက်တော့ ကျမသားက ခြံထဲမှာသွားကြည့်လိုက်တော့ သူ့အဖေက သဲအိမ်ဘေးမှာ သေနေတာကို တွေ့ရှိရတယ်၊ ကလေးက ဘာမှ မလုပ်နိုင်ဘူး ခြံမှာပဲအော်ငိုနေတာ၊ ပြီးမှပဲကျမဆီဖုန်းဆက်လာတယ်၊ ကျမလာကြည့်တဲ့အချိန်က ခန္ဓာကိုယ် တစ်ခုလုံးမှာ ခုတ်ခံရတဲ့အရာတွေမြင်ရတယ်၊ နဖူးကနေ မျက်နှာအလယ်အထိခုတ်တယ်၊ ပါးစပ်ကနေ နားရွက် အထိခုတ်တယ်၊ ပြီးရင်ခေါင်းရဲ့အနောက်မှာလည်း လက်တစ်ဖတ်လည်းပျက်သွားတယ် ခါးနဲ့ခြေထောက်မှာလည်း ဓားဒဏ်ရာတွေကြီးပဲကွယ် လက်တွေဆိုရင် အကောင်တွေပေနေပြီ သူ့ကိုင်နေတဲ့ဓားလည်း သွေးတွေပေနေတာကို တွေ့ရတယ်” ဟု ပြောပါသည်။ ဖြစ်စဉ်နေရာအနီးတွင် သက်ဆိုင်ရာအဖွဲ့ (ကချင်လွတ်မြောက်ရေးတပ်မတော်) မှ အခင်းဖြစ်ပွားသည့်နေရာတွင်  သက်သေခံပစ္စည်းများ ရှာဖွေခဲ့သော်လည်း မည်သည့်ပစ္စည်းကိုမှ မတွေ့ရှိခဲ့ရပါဟု မိသားစုဝင်များက ပြောကြားသည်။ သို့သော် ၎င်း၏ ဇနီးဖြစ်သူမှ ခြံအတွင်းတွင်  ကြံပင်များဖြင့် ဖုံးအုပ်ထားသည့် ဖုန်းတစ်လုံးကို တွေ့ရှိခဲ့ပြီး ထိုဖုန်းကို KIA ၏ ရဲစခန်းကို  အပ်နှံထားခဲ့သည်။ တွေ့ရှိခဲ့သည့် ဖုန်းကို KIA ဘက်သို့ အပ်နှံထားသော်လည်း KIA ဘက်မှ ဖုန်း lock ဖုန်းဖွင့်ရန် အခက်အခဲရှိကြောင်း ဖုန်းဖွင့်ပါက ဖုန်းအတွင်းရှိ အချက်အလက်များ ပျက်စီးနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့နောက် ၎င်း၏ ဇနီးဖြစ်သူမှ ဖုန်းကို ယုံကြည်စိတ်ချရသည့် သူကို မူဆယ်မြို့နယ်တွင် ဖုန်းလျှို့ဝှက်နံပါတ် သွားရောက်ဖွင့်လှစ်ခဲ့ပြီးဖုန်းတွင်း အချက်အလက်များနှင့် ကျူးလွန်သည့်သူကို သွားရောက်ဖမ်းဆီးခဲ့ပါသည်။ ကျူးလွန်သူသည် မန်မောဝ်ကျေးရွာခံ အသက် ၄၅ နှစ်အရွယ် လီဆူလူမျိုး ဦးရွှေဝူးဆိုသူ ဖြစ်သည်ဟု မိသားစုဝင်များထံမှ ပြောကြားခဲ့သည်။ "အဲ့ဒီသတ်ဖြတ်ခဲ့တဲ့သူက ဘယ်လိုရည်ရွယ်ချက်နှင့် သတ်ပစ်ခဲ့လဲဆိုတာ မသိဘူး၊ ကျမတို့မိသားစုနှင့် အဲ့ဒီလူနဲ့ ပတ်သက်တာမျိုးမရှိဘူး၊ ရင်းနှီးတာမျိုးလဲ မရှိဘူး​၊ ဘာရန်ညိုးရန်စမှမရှိဖူးဘူး”ဟုပြောသည်။ အဆိုပါ ပြစ်မှုကျူးလွန်သည့်သူ ဦးရွှေဝူးသည် ပတ်ဝန်းကျင်၏ ပြောကြားချက်အရ ယခင်ကလည်း ၎င်း၏ ဇနီးနှင့်အစ်မဖြစ်သူတို့ကို ဓားဖြင့် သတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသည့် ဖြစ်ကြောင့် မန်လွယ်ဒေသခံများမှတစ်ဆင့် ဇနီးဖြစ်သူက ပြန်ပြောကြားချက်အရမှတ်တမ်းရရှိခဲ့သည်။ စက်တင်ဘာလ ၁၂ ရက်တွင် ရုံးချိန်းအတွင်း ထွက်ဆိုချက်များ ကျူးလွန်သည့် ဦးရွှေဝူးသည် ပန်ဂျရောပ်ကျေးရွာအုပ်ချုပ်ရေးမှူဖြစ်သူ ဦးအိုက်ယိုင်ကို အမှန်တကယ်သတ်ဖြတ်ခဲ့ကြောင့် ဝန်ခံခဲ့ပါသည်။ မည်သူတစ်ဦးတစ်ယောက်မှစေခိုင်းခြင်းမဟုတ်ကြောင့် ၊ အခင်းဖြစ်ပွားသည့် အချိန်တွင် ကျနော်အရက်မူးနေကြောင့် ဘာကြောင့် လူသတ်ခဲ့လည်းဆိုတာမသိရှိခဲ့ကြောင့်။ မသေမချင်းဓားဖြင့် ခုတ်ခဲ့ကြောင့်ဝန်ခံခဲ့ကြောင့် သတ်ဖြတ်ခံရသည့် ဦးအိုက်ယိုင်၏ မိသားစုဝင်ဖြစ်သူထံမှ သိရှိရပါသည်။ ကာယကံရှင်က ဝန်ခံထားသောကြောင့်  အမှုနှင့်ပတ်သက်ပြီး နမ့်ဖတ်ကာကျေးရွာတွင် မဆုံးဖြတ်နိုင်ခြင်းကြောင့် အခြားသောနေရာကို ပြောင်းရွှေ့စီရင်ချက်ချမည်ဖြစ် ကြောင့်နှင့် စီရင်ချက်ချမှတ်သည့်အချိန်ကိုမိသားစုဝင်ထံမှပြန်လည် အကြောင်းကြားမည်ဖြစ်ကြောင့် သိရှိခဲ့ရပါသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိ နောက်ဆုံးရရှိသည့်နောက်ဆက်တွဲများ နိုဝင်ဘာလ ၄ ရက်တွင် ချမှတ်သည့် ဆုံးဖြတ်ချက်များ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ တီးမားနယ်ဒေသရှိ ကချင်လွတ်မြောက်ရေးတပ်မတော်- KIA ၏ တရားရုံးတွင် ဆုံးဖြတ်ချက်အရကျူးလွန်သူ ဦးရွှေဝူကို လူသတ်မှုကျူးလွန်သော်လည်း ကျူးလွန်သူ ဦးရွှေဝူသည် ကြက်မပြည့်သည်သူဖြစ်သည်ဟုဆိုကာထောင်ဒဏ်ကို ၁၀ နှစ်ကိုသာ ချမှတ်ပေးခဲ့ပါသည်။ သတ်ခံရသည့် ဦးအိုက်ယိုင်၏ ကျန်ရှိနေသေးတဲ့မိသားစုအတွက် နစ်နာကြေး ကျပ်သိန်း ၁၅၀ ပေးဆောင်ပါမည်။ ထိုအပြင် KIA ၏ တရားရုံးဘက်ကိုလည်း ကျူးလွန်သူမိသားစုမှ  ကျပ် သိန်း ၅၀ ပေးဆောင်ရမည်ဖြစ်ပါသည်။ KIA ၏ တရားရုံးဘက် ဆုံးဖြတ်ပေးသည့် အမှုစီရင်ချက်ပေါ်မှာ သတ်ဖြတ်ခံရသူ နစ်နာသူမိသားစုဘက်မှ ကျေနပ်မှုမရှိသေးကြောင့်အခုလိုပြောပါသည်။ “ လူတစ်ယောက်လုံးသေအောင်သတ်ပြီးမှ ထောင်ဒဏ် ၁၀ နှစ်ပဲကျရတယ်၊ ကျမက မကျေနပ်ဘူး။ ထောင်ဒဏ်အနှစ် ၂၀လောက်ကျစေချင်တယ်။ ငွေဒဏ်ဆိုလည်းကျမကုန်ကျတဲ့ကုန်ကျစာရိတ် သိန်း ၂၃၀ ရှိတယ်။ အဲ့ဒါအကုန်ပြန်ပေးစေချင်တယ်။ သူတို့လျော်ပေးတဲ့သိန်း ၁၅၀ လည်း နည်းတယ်။ ကျမ ကုန်ကျတဲ့ အသုဘစားရိတ်နဲ့တခြားစာရိတ်တွေတောင်မကာဘူး။  အစက သိန်း၁၀၀ ပဲပေးဖို့ ဆုံးဖြတ်ထားတယ်။ ကျမတို့က မရဘူး ပြောလို့ ၅၀ ထပ်တိုးပေးထားတယ်၊၊ အမှုဆုံးဖြတ်တဲ့နေရာလည်း ဘယ်အရာကိုကြည့်ပြီးသူ့က ကြက်မပြည့်ကြောင့် ပြောလဲဆိုတာကျမမေးခွန်းပြန်ထုပ်တဲ့အချိန်မှာ သူတို့ပြန်ပြောတာက နမ့်ဖက်ကာဘက်က လွှဲပြောင်းလာတဲ့အချိန်မှာ ကျူးလွန်သူဦးရွှေဝူက ကြက်မပြည့်ဘူးလို့ပါလာလို့ အခုလိုဆုံးဖြတ်တယ်။ ကျမတို့က သူ့ကိုကြည့်ရင်တော့ ပုံမှန်ပါပဲ။ နမ့်ဖက်ကာကနေတီးမားဘက်ကို အမှုလွှဲစာပို့တုန်းကလည်း ကျမတို့ရဲ့ သဘောဆန္ဒကိုဘာမှလာရောက်မေးမြန်းခဲ့တာမရှိဘူး။ ဒီအတိုင်းပဲ ပို့လိုက်တယ်။ အခုကမကျေနပ်လည်း ကျမတို့ဘက်က ဘာမှ လုပ်မရဘူး။ သူတို့ဆီ တခြားအဖွဲ့တွေရဲ့တရားရုံးမှာ တရားပြန်စွဲဖို့ အမှုလွှဲ…