အမျိုးသားတစ်ဦးကို RCSS /SSA မှ ရက် ၂၀ ကျော်ကြာ ဖမ်းဆီးချုပ်နှောင်
စက်တင်ဘာလ ၁၉ ရက် ၂၀၁၈ ခုနှစ် ညနေ ၄ နာရီခွဲခန့်တွင် RCSS/SSA တပ်သား သုံးဦးမှ လွယ်ကန်ရွာသို့ မျှစ်ရောင်းရန်သွားသော ရွာသားတစ်ဦးကို မူးယစ်ဆေးဝါး တွေ့သည်ဟု ပြောပြီး ယနေ့ချိန်ထိ ဖမ်းဆီးချုပ်နှောင်ထားသည်။
ရှမ်းပြည်တောင်ပိုင်း ကျေးသီးအုပ်စု လွယ်ဆိုင်ကျေးရွာတွင် နေထိုင်သော ဦးအိုက်ဆိုင်(နာမည်လွဲ) သည် သာမာန်ဒေသခံတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါး ကင်းစင်သူတစ်ဦး
ဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
ကျောင်းဆရာတစ်ဦးဖြစ်သူမှ “ ဦးအိုက်ဆိုင်က လွယ်ကန်မှာ မျှစ်ရောင်းဖို့ ဆိုင်ကယ်နဲ့ သွားတာ၊ လမ်းခုလတ်တနေရာမှာ ဖမ်းခံရပြီး ရှမ်းစစ်သား နှစ်ယောက်က သူ့ဆီ ဘိန်းမဲနဲ့ ယာမတွေ့လို့ ဖမ်းထားတယ်ဆိုပြီး အိမ်ကို လာပြောတယ်” ဟုပြောသည်။
RCSS/SSA မှ မည်သည့် မူးယစ်ဆေးဝါးမျှ မတွေ့ဘဲ စစ်သားအဖြစ်သာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံထံသိရသည်။
ဖမ်းခံရသူ ဦးအိုက်ဆိုင်အား ယနေ့ချိန်ထိ လွတ်ပေးခြင်း မရှိသေးဘဲ ငွေကြေး သိန်း (၃၀) ကျပ်ပေးမှသာ ပြန်လွတ်ပေးမည်ဟု ဥက္ကဌထံမှ သိရသည်။ ထို့အပြင် ဦးအိုက်ဆိုင်နှင့် မိသားစု အဆက်အသွယ်လုပ်ခွင့်မပေးကြောင်း ထပ်မံသိရသည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်း