ဖမ်းဆီးခံရသည့် မန်လီရွာသား (၁ဝ)ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တအာင်း လူမှုအဖွဲ့အစည်းများ၏ ပူးတွဲသဘောထား ထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂ဝ၁၉ ခု မတ်လ ၅ ရက်
၁။ နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တို့အကြား ဖေဖော်ဝါရီ ၂၇ ရက်၌ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံရွာသား ၁ဝ ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည့်အပေါ် မိမိတို့ တအာင်းလူမှုအဖွဲ့အစည်းများအနေဖြင့် ကန့်ကွက်ရှုတ်ချလိုက်သည်။
၂။ အဆိုပါ ရွာသား ၁ဝ ဦးသည် မတ်လ ၁ ရက်တွင် ပျောက်ဆုံးခဲ့ပြီးနောက် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးသွားသည်ကို မသိရှိရသည့်အတွက် မိမိတို့ တအာင်းလူမှု အဖွဲ့အစည်းအနေဖြင့် ၎င်းတို့၏ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေကို လွန်စွာ စိုးရိမ်လျက် ရှိနေသည်။
၃။ ဖမ်းဆီးခံထားရသည့် မန်လီရွာသားများဖြစ်သော-
– မိုင်းခမ်းဆွဲ (၃၄ နှစ်)
– မိုင်းအိုက်မောင် (၃ဝ နှစ်)
– မိုင်းခမ်းစော (၃၆ နှစ်)
– မိုင်းအိုက်ဆွဲ (၂၉ နှစ်)
– မိုင်းငယ်လေး (၄၁ နှစ်)
– မိုင်းအိုက်မောင် (၃၁ နှစ်)
– မိုင်းအိုက်မြတ် (၂ဝ နှစ်)
– မိုင်းအိုက်လှ (၁၅ နှစ်)
– တားဖိုးဝ (၄ဝ နှစ်)
– မိုင်းအိုက်ယွမ်း (၃ဝ နှစ်)
(၁၀) ဦးတို့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်သည်။
၄။ ရှမ်းနှင့်တအာင်းလူမျိုးတို့သည် ယခင်နှစ်ပေါင်းများစွာကတည်းက အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လာကြသည့် တိုင်းရင်းသားများဖြစ်ပြီး လက်ရှိဖြစ်ပွားနေသည့် ပြဿနာသည် လက်နက်ကိုင်တပ်များအကြားဖြစ်ပွားနေသည့် ပဋိပက္ခသာဖြစ်သည့်အတွက် အပြစ်မရှိ ရွာသား များကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွတ်ပေးရန် တောင်းဆိုလိုက်သည်။
ဆက်သွယ်ရန်- ဝ၉-၂၅၆ ၁၂၈ ၅၈၂,ဝ၉-၄၅၄ ၃၁၂ ၃၄ဝ,ဝ၉-၂၅၈ ၈၈ဝ ၅၂၃
၁။ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU)
၂။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၃။ တအာင်းအမျိုးသားပါတီ၊ လားရှိုးမြို့ (TNP)
၄။ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA)
၅။ တအာင်းပညာရေးအင်စတီကျူ့ (TEI)
၆။ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) (TSA)
၇။ တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ လားရှိုးမြို့ (TLCC)
တအာင်းအမျိုးသမီး အဖွဲ့အစည်း