တိုက်ပွဲအတွင်းပျောက်ဆုံးနေသော မန်လီရွာသားများအား RCSS/SSAအဖွဲ့ ဖမ်းဆီးထားသည့် သက်သေအထောက်ထားများ ရရှိသည့်အပေါ် ပူးတွဲသတင်းထုတ်ပြန်ချက်

၇ရက်၊ မတ်လ၊ ၂၀၁၉ခုနှစ်
တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်တိုးတက်ရေး တပ်မတော်ပူးပေါင်းတပ်(SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော်(RCSS)တို့ ဖေဖော်ဝါရီလ၂၆မှ မတ်လ၂ရက်အထိ မန်လီရွာအတွင်းတိုက်ပွဲဖြစ်ပွားခဲ့ရာ၊RCSS/SSA တပ်ဖွဲ့ ဖမ်းဆီးထားသည့်ရွာသားများ၏ သက်သေအထောက် အထားဓါတ်ပုံများ ရရှိထားကြောင်း သတင်းထုတ်ပြန်ပါသည်။

ရရှိထားသည့် သက်သေအထောက်အထားသည် Memory Stickတစ်ခုဖြစ်ပြီး ကဒ်ထဲတွင် ရွာသားများကို ချည်နှောင်သည့်ပုံ၊ မျက်လုံးပိတ်ထားသည့်ပုံ တွေ့ရှိရသဖြင့် တအာင်းအမျိုးသမီးအဖွဲ့ထံသို့ ဒေသခံတစ်ဦးမှ လာရောက်အပ်နှံခဲ့သည်။ ဓါတ်ပုံများကို စစ်ဆေးကြည့်သော် ပျောက်ဆုံးလျှက်ရှိသည့် ရွာသားများဖြစ်ကြောင်း သိရှိရသည်။

သီပေါသို့ မန်လီစစ်ရှောင်များကို သွားရောက်ကူညီစဉ် ပျောက်ဆုံးသည့် ရွာသားများ ၁၀ဦးထက်မကဘဲ ၂ဦးထပ်မံပျောက်ဆုံးကြောင်းသိရှိရသည်။ ဖမ်းဆီးခံရသည့် ရွာသားများနှင့်ပါတ်သက်၍ ၄င်းတို့၏ အသက်အန္တရာယ်ကို အလွန်စိုးရိမ်လှပါသည်။

မန်လီရွာသား (၁၂)ဦး အမြန်လွတ်မြောက်လာစေရန် သီပေါသို့စစ်ရှောင်နေသည့် မန်လီစစ်ရှောင်များမှ ဆုတောင်းပွဲကျင်းပလျှက်ရှိပြီး၊ ၊မိမိတို့သည်လည်း ထိုရွာသားများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေး ရန်တောင်းဆိုသည်။မိမိတို့အဖွဲ့အနေဖြင့်ဓါတ်ပုံအထောက်အထားများကိုမူလုံခြုံရေးအရ သိမ်းဆည်းထား မည်ဖြစ်ကြောင်း ထို့အပြင် ထိုဓါတ်ပုံများအား မိမိတို့မှ သက်သေအထောက်အထားများအဖြစ် သိမ်းဆည်းပြီး လိုအပ်သည့်အချိန်တွင် ထုတ်သုံးနိုင်မည်ဖြစ်ကြောင်းတအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်းကျောင်း သားနှင့် လူငယ်အဖွဲ့တို့မှ ပူးပေါင်းထုတ်ပြန်ပါသည်။

ဆက်သွယ်ရန် ဝ၉-၂၅၆၁၂၈၅၈၂၊ ဝ၉-၄၂၀၇၆၂၇၀၈၊ ဝ၉-၂၅၈၈၈၀၅၂၃၊ ဝ၉-၂၆၄၁၆၂၂၂၉