KIA ဖမ်းဆီးခေါ်ဆောင်သည့် ရွာသားများ ပြန်လွတ်လာ
မတ်လ ၁၁ ရက် ၂၀၁၉ ခုနှစ်
တအာင်းအမျိုးသမီး အဖွဲ့အစည်း
မတ်လ ၁၀ ရက်နေ့ ၂၀၁၉ ခုနှစ် ည အချိန်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဖမ်းဆီးခေါ်ဆောင်သည့် ကြံခင်းမှ အလုပ်သမားများကို ပြန်လည်လွတ်ပေးကြောင်း သိရသည်။
၄င်းရွာသားများ ပြန်လည် လွတ်မြောက်လာစေရန် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့မှ လိုက်လံ ဆောင်ရွက်ပြီး သက်ဆိုင်ရာ ကျေးရွာအလိုက် ပြန်လည် အပ်နှံသွားမည်ဟု သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ “ မနေ့ညတုန်းက အားလုံး ပြန်လွတ်လာတယ်၊ တစ်ယောက်တော့ ကျန်သေးတယ်၊ သူက နာမည်မှားနေလို့ ဒါပေမဲ့ ကျတော်တို့ ရှင်းပြလို့ ဒီနေ့ ပြန်လွတ်ပေးမယ်” ဟုပြောသည်။
မတ်လ ၅ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ကြံခင်း အလုပ်သမားများ (၂၀ဝ) ကျော် ဖမ်းဆီးခေါ်ဆောင်သည့် အနက် တချို့မှ ထွက်ပြေးလွတ်မြောက်ပြီး တချို့ကို ၄င်းတို့ ကိုယ်တိုင် ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။