မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိ

၁၀ ရက် မတ်လ ၂၀၁၉ ခုနှစ်
တအာင်းအမျိုးသမီး အဖွဲ့အစည်း

၉ ရက် မတ်လ ၂၀၁၉ ခုနှစ်တွင် ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်သို့ ဈေးသွားပြီး အပြန်လမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ရှမ်းအမျိုးသမီး တစ်ဦးဖြစ်သူ ဒေါ်ခမ်းလှ ဒဏ်ရာရရှိပြီး ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

ဒဏ်ရာရရှိသူ ဒေါ်ခမ်းလှမှ “ ကျမ မိုင်းငေါ့ဈေးဝယ်ပြီး အပြန်လမ်းမှာ မိုင်းထိတယ်၊ မိုင်းပေါက်ကွဲတဲ့ နေရာနဲ့ ကျမတို့အိမ်က နီးနီးလေးဘဲ ဖြစ်တယ်” ဟုပြောသည်။

ဒေါ်ခမ်းလှသည် ညာဘက်ပေါင်တွင် ဒဏ်ရာရရှိပြီး ကျန်ရှိနေသည့် မိုင်းဆကို ကျောက်မဲဆေးရုံတွင် ခွဲစိတ်ကုသရမည်ဖြစ်သောကြောင့် တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ ဆေးဖိုး အနည်းငယ် ကူညီပေးခဲ့သည်။

၄င်းမိုင်းသည် မည်သည့်လက်နက်ကိုင် ထောင်ထားသည့် မိုင်းကို သေချာမသိရကြောင်း၊ ထိုဒေသတွင် ယခင်က TNLA လှုပ်ရှားခဲ့သော်လည်း ယခုချိန်တွင် RCSS ၏ လှုပ်ရှားမှု နယ်မြေဖြစ်သည်ဟု ၄င်း အမျိုးသမီးမှ ဆက်လက်ပြောသည်။

လွတ်မြောက်လာသူ တစ်ဦးမှ “ ကချင်စစ်သားတွေ အိမ်ကို ရောက်လာပြီး ကျနော်တို့ ဗိုလ်ကြီးနဲ့ စကားသွားပြောလိုက်ပါဦး ဆိုပြီး ခေါ်တယ်၊ ကျမ မလိုက်ဘူးပြောတော့ အတင်းဆွဲခေါ်သွားတယ်၊” ဟုပြောသည်။

ထိုသို့ လာရောက်ဖမ်းဆီးသွားသည့် အချိန်တွင် အမျိုးသမီးတစ်ဦးမှ ရွာသားများကို အတင်းအကြပ်ဖမ်းဆီးပိုင်ခွင့် မရှိကြောင်း၊ ကိစ္စတစ်ခုခု ရှိပါက သက်ဆိုင်ရာ ရွာလူကြီးများမှ တစ်ဆင့် ပြောဆိုနိုင်ကြောင်း လှမ်းပြောသည့်အခါ သေနတ်ဖြင့် ပြန်လည်ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

မတ်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံရသူများသည် နောင်ခွန်ရွာ (၅) ဦး၊ မန်တုံ (၄) ဦးနှင့် လွယ်ကန် (၂) ဦး စုစုပေါင်း (၁၁) ဦးတို့ ဖြစ်ပြီး အမျိုးသမီးနှင့် အမျိုးသားများ ပါဝင်သည်။

၄င်းရွာသားများကို ကာလန်ကျေးရွာ အကျော်ထိ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကားဆက်လက်မသွားနိုင်၍ အမျိုးသမီးများကို ပြန်လည်လွတ်ပေးသော်လည်း အမျိုးသားများကို ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကာ တချို့မှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ထို့နောက် မတ်လ ၅ ရက်နေ့တွင် မန်ပြိန်းကျေးရွာ အနီးရှိ ကြံခင်းတွင် အလုပ်လုပ်နေသော အလုပ်သမား (၂၀ဝ) ကျော်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး သက်ကြီးရွယ်အိုနှင့် မိန်းကလေးကို ပြန်လွတ်ပေးသော်လည်း အများစု ဖြစ်သည့် ရွာသားကို ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများသည် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။