မိုင်းပေါက်ကွဲမှုကြောင့် ကျွဲကျောင်းသား တစ်ဦး ဒဏ်ရာရရှိ

၂၇ရက် မတ်လ ၂၀၁၉ခုနှစ်
တအာင်းအမျိုးသမီး အဖွဲ့အစည်း

၂၃ရက် မတ်လ ၂၀၁၉ခုနှစ် ညပိုင်း (၆)နာရီအချိန်တွင် ကျောက်မဲမြို့နယ် လွယ်အံတင်အုပ်စု လွယ်အံကျေးရွာနေ မိုင်းမောင်ခင်မှ ကျွဲကျောင်းပြီးအပြန် လမ်းတွင် မိုင်းပေါက်ကွဲမူဖြစ်ပွား၍ ဒဏ်ရာရရှိကာကျောက်မဲဆေးရုံတွင် ယနေ့ချိန်ထိ ဆေးကုသမှုခံနေရသည်ဟု သိရသည်။

ကာယကံရှင်ပြောပြချက်အရ “ ကျနော်တူလေးနဲ့ ကျွဲရှာပြီး အပြန်လမ်းမှာ ကျွဲက မိုင်းနင်းမိလို့ ပေါက်ကွဲသွားတယ်၊ မိုင်းရဲ့ အစကကျနော် ရင်ဘတ်၊ ဒူးခေါင်း၊ ချပ် ကိုထိတယ်၊ ကျနော်တူလေးတော့ ဘာမှမဖြစ်ဘူး၊ သူနဲ့အလှမ်းဝေးနေတဲ့အတွက် ၊ ကျွဲက ဒဏ်ရာများကြီး ရပြီး လမ်းမလျှောက်နိုင်တော့ဘူး ”ဟုပြောသည်။

မိုင်းပေါက်ကွဲသည့် အချိန်တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) အဖွဲ့မှ ရွာထဲတွင် ရှိနေပြီး ထိုနေရာတွင်ယခင်က မြန်မာတပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ ဖြစ်သည်ဟုလည်းဒေသခံများပြောပြချက်အရ သိရသည်။