မိန်းကလေး တစ်ဦးကို အရပ်ဝတ် မြန်မာ့တပ်မတော် စစ်သား ၂ ဦးမှ မုဒိန်းပြုကျင့်
မေလ၊ ၁၁ရက်နေ့၊ ၂၀၁၉ခုနှစ်
မေလ ၁၀ ရက် ၂၀၁၉ ခုနှစ် တအာင်း(ပလောင်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာတွင် နေထိုင်သော အသက် (၂၇) နှစ်ရှိ အမျိုးသမီး တစ်ဦးသည် လ္ဘက်ခူးရန် သွားရာတွင် မြန်မာ့တပ်မတော် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်း (၂၅၈) မှ ပစ္စတိုသေနတ် ကိုင်ဆောင်သော အရပ်ဝတ် စစ်သား ၂ ဦးမှ နေ့လည် ၂နာရီအချိန်တွင် အဓမ္မပြုကျင့်ခဲ့သည်။
ဒေသခံတစ်ဦးမှ “ ကောင်မလေးက လ္ဘက်ခူးဖို့သွားတယ်၊ အဲချိန်မှာ အရပ်ဝတ်စုံနဲ့ ဗမာစစ်သားနှစ်ယောက် ရောက်လာပြီး တအာင်းစစ်သားတွေ ဘယ်မှာရှိလဲမေးတော့ သူမက မသိဘူးဖြေတယ်၊ ဖြစ်ချင်တော့ ကောင်မလေးက ဗမာစကားနည်းနည်းပါးပါးတော့ နားလည်တယ်၊ ဒါပေမဲ့ သူပြန်မပြောတတ်ဘူး၊ အဲဒါနဲ့ စစ်သား ၂ ဦးက သူ့ကို ဝိုင်းပြီး မုဒိန်းပြုကျင့်တယ်” ဟုပြောသည်။
ထိုအမျိုးသမီး မုဒိန်းပြုကျင့်ခံရပြီးနောက် ကျေးရွာသို့ ထွက်ပြေးလာပြီး ရွာလူကြီးများအား ဖြစ်စဉ်ပြောပြကာ ရွာလူကြီးများက အမှုကို တာဝန်ယူဖြေရှင်းပေးရန် မြန်မာ့တပ်မတော်က စစ်ဗိုလ်ကြီးများကို အကြောင်းကြား ထားသော်လည်း တပ်သားများကို အရင်စစ်ဆေးမည်သာ ပြောခဲ့သည်။
ယခုချိန်ထိ ၄င်းအမျိုးသမီးအတွက် တာဝန်ယူဖြေရှင်းပေးမှု မရှိသေးပေ။
တအာင်းအမျိုးသမီးအဖွဲ့အစည်း