မူလတန်းပြ ကျောင်းဆရာမ သေနတ်ဖြင့် ပစ်သတ်ခံရ
ဇန်နဝါရီလ (၂၄)ရက်နေ့ ညနေ(၇) နာရီအချိန် ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာတွင် မူလတန်းပြ တာဝန်ကျနေသော ကျောင်းဆရာမ တစ်ဦးကို အမည်မသိ လူငယ်တစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခြင်းကြောင့် သေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ လွေးမြမွှေးအောင် အသက် (၂၆)နှစ်သည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ရပ်ကွက်(၄)ဇာတိမှ တားယိုင်ကြိမ်နှင့် ယားအောင်မိ တို့၏သမီးဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာ အ.မ.က ဆမ်ဝမ် မူလတန်းကျောင်းတွင် ကျောင်းဆရာမ တာဝန်ကျနေသူ တစ်ဦး ဖြစ်သည်။ မနေ့ည (၇)နာရီအချိန်တွင် လူငယ်ချင်း အချင်းချင်းသဘောထား မတိုက်ဆိုင်ရာမှ စကားများကြပြီး အမည်မသိ လူငယ်တစ်ဦးမှ သူမအား သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့သည်။
ထို့နောက် သူမ၏ ရုပ်အလောင်းကို ကွတ်ခိုင်ရင်ခွဲရုံသို့ သယ်ဆောင်သွားပြီး စစ်ဆေးရာတွင် မျက်နှာ၏ ဘယ်ပါးနှင့် နားထင်တွင် သေနတ် ဒဏ်ရာ ၂ ချက်ဖြင့် အနီးကပ် ပစ်ခတ်ခြင်းခံခဲ့ရကြောင်း သိရသည်။