အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ခြေသလုံးထိခိုက်ခဲ့ပြီး လားရှိုးဆေးရုံးတွင် ဆေးကုသမှုခံယူနေဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် လာရှိုးမြို့နယ်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့ မနက် ၁၀နာရီအချိန် မန်စံကျေးရွာမှ လားရှိုးသို့ ဆိုင်ကယ်ဖြင့် ပြန်လာသော လင်မယားနှစ်ဦးသည် အီနိုင်းကျေးရွာအဝင်ရောက်ချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူက ခြေသလုံးတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ယနေ့လားရှိုးဆေးရုံမှာ ဆေးကုသမှု ခံယူနေရသည်ဟု သတင်းရရှိပါသည်။

မန်စံဒေသခံဖြစ်သူ ဒေါ်နန်းကြိမ်ခမ်းသည် ဘယ်ဘက်ခြေသလုံးကြွက်သားများ ကြေမွခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ ၎င်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသားဖြစ်သူက ဒဏ်ရာရရှိခဲ့ခြင်း မရှိဟု ထပ်မံသိရပါသည်။

ဖြစ်စဉ်ကိုသိရှိသူ အီနိုင်းဒေသခံပြောပြချက်အရ “သူတို့နှစ်ယောက်က မန်စံကနေ လားရှိုးသွားမလို့ ကျမတို့ ရွာအဝင်နားရောက်တော့ လက်နက်ကြီးကျကွဲတော့ သူ့အမျိုးသမီးကို ထိသွားတယ်၊ ခြေသလုံးရဲ့ ကြွက်သားတွေတော့မရှိတော့ဘူးပေါ့နော်၊ အခုတော့လားရှိုးဆေးရုံမှာ ဆေးကုနေတယ်”ဟု ပြောပါသည်။

ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အီနိုင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လားရှိုး-မန်စံ-နမ့်ဆန် ဆက်သွယ်သည့် အီနိုင်းတံတားလဲ ကျိုးကျပျက်စီးခဲ့သည်ဟု ၎င်းမှ ထပ်မံပြောဆိုထားပါသည်။

Photo – Local

#လက်နက်ကြီး

#ပြင်းထန်

#ခြေထိ

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *