မိုင်းယော်တိုက်နယ်တွင် အကြမ်းဖက်စစ်တပ်မှ လေယာဉ်ဖြင့် သုံးကြိမ်ဆက်တိုက်ဗုံးကြဲခဲ့၊ ရပ်ကွက်နေ ပြည်သူ ၄ ဦး သေဆုံး ၁ ဦးဒဏ်ရာရခဲ့

၈ ရက်နေ့ ဇန်နဝါရီလ ၂၀၂၄ ခုနှစ်

Ta’ang Women’s Organization – TWO

ရှမ်း/မြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ်တွင် မနေ့ ဇန်နဝါရီ ၇ ရက်နေ့ ည ၇နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းအသုံးပြုပြီး ပေါင် ၅၀၀ဗုံးဖြင့် သုံးကြိမ်ဆက်တိုက် ဗုံးကြဲခဲ့ခြင်းကြောင့် ကလေးသုံးဦးအပါအဝင် အရပ်သားပြည်သူ (၄) ဦး သေဆုံးခဲ့သည်ဟု သိရှိရပါသည်။

ပေါင် ၅၀၀ ဗုံးကြောင့် သေဆုံးသွားသူများသည် တအာင်းကလေးဖြစ်သည့် အသက်(၁၂) အရွယ် လိုည်းအီမာဝ်၊ အသက်(၁၃) နှစ်အရွယ် လိုည်းဆိုးမိုးအောင် ယောကျာ်းလေးတစ်ဦးအပြင် တရုတ်အဘွားအိုး (၁) ဦး စုစုပေါင်း (၄) ဦးသေဆုံးသွားခဲ့ပြီး ရှမ်းလူမျိုးဖြစ်သည့် မိန်းကလေးငယ် (၁) ဦးလည်း ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မိုင်းယော်ဒေသမှ အမျိုးသားတစ်ဦးက “တအာင်းရွာတော့မဟုတ်ဘူး၊ လူမျိုးပေါင်းစုံ နေတဲ့ရွာရော တရုတ်ရော ကုလားရော ဗမာရော ပေါင်းစုံရှိတယ် အဲ့မိုင်းယော်ထဲမှာလေ အခုပစ်သွားတာ၊ တအာင်းကလေးရယ် တရုတ်တစ်ယောက် သေသွားတာ ရှမ်းကလေး တစ်ယောက်ကတော့ထိထားတယ် သူတို့ပစ်တာက ရဲစခန်းနှင့်ဆေးရုံဘက် အဲ့မှာက ညောင်ပင်ကြီးနားကျတော့ ဘာဖြစ်ဘူး၊ စေ◌ျးတန်းဘက်ကလူတွေထိသွားတယ်၊ တော်သေးလို့တစ်ချို့က ရှောင်ထားတာ မဟုတ်ရင်ထိတဲ့သူတွေ ဒီထက်ပိုများမယ် ” သည်ဟု Ta’ang Women’s Organization – TWO ကို ပြောသည်။

မိုင်းယော်တိုက်နယ်ထဲတွင် တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်သည် စေ◌ျးတန်းရပ်ကွက်၊ ရဲစခန်း နှင့် ဆေးရုံဘက်တွင် လေကြောင်းဖြင့် သုံးခါဗုံးကြဲခဲ့ပြီး အရပ်သားပြည်သူ နေအိမ် (၂၀) လုံးနဲ့ ကား(၃)စီး ထိခိုက်ပျက်စီးသွားခဲ့သည်ကို ထပ်မံသိရှိရပါသည်။

မနေ့က ဇန်နဝါရီလ ၇ ရက်နေ့ တစ်ရက်ထည်းတွင် အကြမ်းဖက်စစ်တပ်သည် ရှမ်း/မြောက် တအာင်းဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ခြင်းမရှိပဲ ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲခြင်းကြောင် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး တစ်ဖတ်သက်ဗုံးကြဲခြင်းကြောင့် တစ်ရက်ထည်း ရှမ်းမြောက် အရပ်သားပြည်သူ (၁၀) ဦး သေဆုံးခဲ့သည်။

Photo – Local/ TWO

#မိုင်းယောက်တိုက်နယ်

#လေယာဉ်ဗုံးကြဲ

#ပေါင်၅၀၀ဗုံး

#ကလေး

#အဖွားအို

#လူနေအိမ်ထိ

#ရှမ်းမြောက်

#လားရှိုးခရိုင်

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *