မန္တလေးတိုင်း တအာင်းတပ်မတော် ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ကသဲရပ်ကွက်အုပ်စု လုထ ရပ်ကွက်တွင်လွန်ခဲ့သော ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ည ၁၁ နာရီ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။

 အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ လေးဦးသေဆုံး ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီ နေအိမ် ၁၁ အိမ် ထိခိုက်ပျက်စီးခဲ့ပါသည်။

သေဆုံးသွားသူ ကိုရာဂျား၏ ဖခင်ဖြစ်သူမှ “ကြဲတဲ့နေ့ လယ်ဦးနဲ့တစ်ရက်ထဲတစ်ချိန်းထဲပဲ လယ်ဦးကို အရင်ကြဲပြီးမှ ဒီမှာပြန်လာကြဲတယ်။ ၁၁ သုံးလုံး လေ။  ဒီမှာကြဲပြီးလယ်ဦးကို နောက်တစ်ခါပြန်သွားချသေးတယ်။  ချွေးမက ကလေးကိုင်ပြီး ဒီနားဆင်းလာတယ်။ကလေးက ဘာမှမဖြစ်ဘူး။  ဘာဖြစ်တာလဲဆိုပြီး ရာဂျားလည်း ဟိုမှာ နိုးလို့မရတော့ဘူး ဘယ်မှာရှိတာလဲ အဖေ။ သူတို့ကိုပြန်ခေါ်ပြီးဒီမှာအိပ်ခိုင်းတယ်။ ပြီးတော့မှ ကျနော်ပြန်သွားရှာတာ။ ဘယ်သူမှတောင်မရှိဘူး။ ကျနော်တစ်ယောက်တည်းပဲ သူ့ဟနဲသူပဲ။ သွားရှာတဲ့အချိန်ကျတော့ သွပ်တွေ ဘာတွေဖိကုန်တာလေ။ ကျနော်က အဲ့ဒီအောက်မှာပဲရှိတယ်ဆိုပြီး သွပ်တွေဘာတွေမပြီး ရာဂျား ရာဂျားဆိုပြီး ရှာနေတာမတွေဘူး။ လေယာဉ်နဲ့ပြန်ပတ်ပြီးလေ။ ကျနော်လည်း ကြောက်ပြီး ပြေးပြီး ဒီမှာနေတယ်။ လေယာဉ် ပြန်သွားပြီးနောက်မှ ကျနော်က နောက်တစ်ခါပြန်သွားရှာတယ်။  ရှာရင်းနဲ့ တွေ့သွားတယ် အသက်ရှိသေးလားဆိုပြီး ကျနော်ကိုင်ကြည့်သေးတယ်၊  မျက်နှာလည်းအေးကုန်ပြီး ကိုယ်လုံးတွေတော့ နည်းနည်းနွေးသေးတယ်။ ရင်ဘက်တွေမှာ ထိတယ်။ လကလည်းသာနေတယ်။ ကျနော်က ပွေးပြီး အိမ်မှာလာချတယ်။ တော်သေးတယ် ဆေးမှုးတွေ PDF တွေရှိနေဆေးတွေ ဘာတွေ့ထည့်ပြီး အလောင်းကိုဒီမှာထားခဲ့တယ်။ ၂ ယောက် ၃ ယောက်စောင့်ခိုင်းတယ်။ တော်တော်လေးခက်ခဲရတယ်။ ကလေးမက (မပြည့်ပြည့်) ဘယ်တင်းပါးနားထိတယ် အချက်လိုက်ပဲ အသားတောင်မရှိတော့ဘူး။ သူ့က ဆေးရုံမှာသွားကြည့်တဲ့ အချိန်မကြည့်ရဲဘူး။ အခုကသက်သာပြီ။အိမ်လည်း တိုင် ၃ လုံးပဲကျန်တယ်။ ကတ်လျက်အိမ်လည်း ထိပြီး ၂ ယောက်စလုံးဆုံသွားတယ်။ အိမ်လည်း ဘာမှရစရာမရှိဘူး။  ” ပြောပါသည်။

ထိုဖြစ်စဉ်နည်းအတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ည ၁၁ နာရီအချိန်တွင်လည်း မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်တွင်အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံနှင့် လူနေအိမ်အများမပြားထိခိုက် ပျက်စီးသွားခဲ့ပါသည်။