မိုးကုတ်မြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၃ ဦး၊ ၁၀ ဦးအထိ ထိမှန်ဒဏ်ရာရခဲ့

တအာင်းတပ်မတော် -TNLA အုပ်ချုပ်ထာသည့် မိုးကုတ်မြို့အရှေ့ပိုင်း လက်ဦးရပ်ကွက်တွင်  

လွန်ခဲ့သော နိုဝင်ဘာလ ည ၁၁ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ အရပ်သား ၃ ဦး သေဆုံးမှုရှိခဲ့ပြီး ၁၀ ဦး အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ကွင်းဆင်းမှတ်တမ်းတင်ခြင်း အရ သိရှိရပါသည်။

သေဆုံးသွားသူ ကိုကျော်စိုးပိုင်၏ ဖခင်ဖြစ်သူမှ” ရပ်ကွက်ထဲမှာ MDY တပ်တွေ ရုံးလာချတယ်။ အစက ဦးလေးတို့ကန့်ကွတ် မလို့ လုပ်သေးတယ်။ တစ်ရပ်ကွက်လုံးက ဦးလေးတစ်ယောက်ဆိုတော့  ပြောလည်း လက်ခံမှာမဟုတ်ဘူးလေ။ ဒီဘက်က ဒလန်တွေများတယ်။ ရုံးလာမချနဲ့ပေါ့ ။ ရုံးလာချပြီးမကြာဘူး ။ လေယာဉ်လာပစ်သွားတယ်။  လေယာဉ်ဗုံးက အိမ်နောက်ဘေးချောင်းနားမှာကျတယ် အစဆင်ပြီး အိမ်ဘက်ရောက်လာတယ်။ အဲ့ညက လလည်းသာနေတယ်၊၊ သားနဲ့ချွေးမက တစ်ခန်းအိပ်တယ်။ ကျန်တဲ့သူတွေက လည်းကိုယ့်အခန်းနဲ့ကိုယ်အိပ်ကြတယ်ဆိုတော့ ဗုံးအစက သားတို့အိမ်တဲ့အခန်းထဲဖောက်ဝင်သွားတယ်၊ ချွေးမနဲ့အတူအိပ်တာတောင်သားကိုပဲတည့်တည့်ထိသွားတယ်၊  ပေါက်ကွဲတဲ့အချိန်မှာ ဘာမှမသိတော့ဘူး၊၊ နာလည်းအူနေပြီ ဗုံ့အငွေ့တွေလည်း ပြည့်ပြီးတော့ မှောင်မဲနေတာပဲ။  အိမ်မှာလည်း အိမ်နံရံနဲ့ မှန်ကွဲထားတဲ့ ပစ္စည်းတွေကြီးပြည့်နေတာ အဲ့ထဲကရုန်းထွက်ပြီး  ပျာယာခက်နေတယ်။ သားကိုခေါ်နေတယ်။ ထူးသံလည်း မကြာဘူး ခနနေကြာမှ ချွေးမ အသံကြားရတယ်။ သူကပြောလာတယ်“

အဖေ သားကိုကြည့်အုံးတဲ့ အခန်းထဲမှာလည်း သွေးတွေကြီးပဲ အဲ့ဒါနဲ့ချွေးမကို မနည်းဆွဲထုတ်ရတယ်။ သူ့ကို လိမ်ပြီးသားက ဘာမှ မဖြစ်ဘူးပေါ့” သားကိုထိတဲ့နေရာက ဘယ်ဘက်လက်ပြုတ်ထွက်သွားတယ်။ နှလုံးမှာလည်း အပေါက် ၃ ပေါက်ဖြစ်သွားတယ်။ ဦးလေးက သားကိုတောင်ပြန်မကြည့်ချင်တော့ဘူး။ စိတ်မနိုင်ဘူး။ အရမ်းဝမ်းနည်းရတယ်။ အဲ့ကြောင့်မို့ ပုံတွေမရှိထားဘူး။ သားသေတဲ့နေ့က သူ့မွေးနေ့ပဲ သူတို့နှစ်ယောက်က မင်္ဂလာဆောင်တာ ၆လပဲရှိသေးတယ်။ “ ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကိုရင်ဖွင့်ပြောဆိုခဲ့ပါသည်။

အဆိုပါ လေယောဉ်ဗုံးကြဲမှုကြောင့်  အမျိုးသား ၃ ဦးသေဆုံးပြီး  အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ၎င်းပတ်ဝန်ကျင်ရှိနေအိမ် ၅၄ အိမ်လည်း ထိမှန်ပျက်စီးခဲ့ပါသည်။