မိုးကုတ်မြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၂၀ ဦး နှင့် ၁၃ ဦးအထိ ထိခိုက်ဒဏ်ရာရသူများလာ 

တအာင်းတပ်မတော် (TNLA) အုပ်ချုပ်ထာသည့် မိုးကုတ်မြို့ကို ယမန်နေ့ည ၁၁ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ထလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ အရပ်သား ၂၀ ဦးအထိ  သေဆုံးမှုရှိခဲ့ပြီး ၁၃ ဦး အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ထပ်မံစုံစမ်းသိရှိရသည်။ 

မိုးကုတ်တွင် ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးမှ “ ၁၀ နာရီကတည်းကလာပစ်တာ ဘယ်နားကျမှန်းမသိဘူး၊ ဒရုန်းတွေလဲဝဲနေတာ၊ ၁၁ နာရီလေယာဉ်လာပစ်တာ၊ အနောက်ပိုင်းမှာ လူနေများတဲ့ရပ်ကွက်ဆိုတော့ ပိုထိတယ်၊ အသက်ကြီးတဲ့အဖွားတစ်ဦးကတော့ ပွဲချင်းပြီးဆုံးသွားတယ်၊ ကျန်တဲ့လူနာတွေက ဆေးရုံရောက်ပြီး သွေးထွက်လွန်ပြီး ဆုံးသွားတာ၊ ဒဏ်ရာရတဲ့လူတွေလဲတော်တော်များတယ်” ဟု ပြောသည်။ 

ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး ဒါ့အပြင် ဒေသခံ ၁၃ ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးတာဝန်ခံ လိုည်းယေဦးမှ အတည်ပြုသတင်းသိရှိရသည်။ 

လက်ရှိအချိန်ထိ မိုးကုတ်မြို့တွင် ပေါင် ၅၀၀ ဗုံးကြဲမှုကြောင့် အရှေ့ပိုင်းနှင့်အနောက်ပိုင်းနေရာများတွင် အရပ်သားနေအိမ် စုစုပေါင်း (၅၀) ကျော်နီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု မြေပြင်သတင်းသိရှိသည့် အမျိုးသားတစ်ဦးထံ ထပ်မံသိရှိရသည်။ 

ဓာတ်ပုံ – ဒေသခံ 

#မိုးကုတ်မြို့#လေကြောင်းဗုံးကြဲ#ပေါင်၅၀၀ဗုံး#သေဆုံး#နေအိမ်ပျက်ဆီး

#တအာင်းအမျိုးသမီးအဖွဲ့အစည်း