မိုးကုတ်မြို့တွင် စကစမှလေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် လူထိခိုက်သေဆုံးမှုရှိ
တအာင်းတပ်မတော်(TNLA) အုပ်ချုပ်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း နှင့် အရှေ့ပိုင်းဒေသကို အကြမ်းဖက်စစ်ကောင်စီမှ ယမန်နေ့ည ၁၁ နာရီနှင့် ၁၂ နာရီ ညသန်းခေါင်ယံအချိန်တွင် လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခဲ့ခြင်းကြောင့်ဒေသခံ ၁၀ ဦးအထိ ထိခိုက်ဒဏ်ရာရရှိပြီး အနည်းဆုံး ၂ ဦး သေဆုံးကာ အရပ်သားနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိနေသည်ဟု ကနဦးအရ စုံစမ်းသိရှိရသည်။
မိုးကုတ်မြေပြင်ရောက်ရှိနေသည့် အမျိုသားတစ်ဦးက” မနေ့ညက ၁၁ ကစပြီး ဗုံးလာကြဲသွားတာ၊ လောလောဆယ် နေအိမ်တွေထိတယ်၊ ထိခိုက်တဲ့လူဦးရေတော့အကုန်တိကျမရနိုင်သေးဘူး၊ ကျန်တဲ့လူတွေကို လုံခြုံဖြစ်တဲ့နေရာမှာ ရွှေ့ပြောင်းထားခိုင်းတယ်၊အနောက်ပိုင်းရော အရှေ့ပိုင်းရောကြဲသွားတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောသည်။
မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက် နတ်စင်အနီးတစ်ဝိုက် နှင့် အနောက်ပိုင်း လူးထရပ်ကွက်တွင် ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူ နှင့် သေဆုံးသည့် လူဦးရေစာရင်းကို ထပ်မံသိရှိနိုင်ရန် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သတင်းဓာတ်ပုံ – မိုးကုတ်ဒေသခံ
#လေကြောင်းဗုံးကြဲ #မိုးကုတ်မြို့ #မန္တလေးတိုင်း #တအာင်းတပ်မတော် #စကစ #အရပ်သားထိခိုက်သေဆုံး
#တအာင်းအမျိုးသမီးအဖွဲ့အစည်း