မိုးကုတ်မြို့မှာ စကစမှ လေကြောင်းတိုက်ခိုက်၊ အရပ်သား ​၅ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်နှင့်ပူးပေါင်းတပ်တို့ ပူးပေါင်း ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နယ်တွင် ၁၀ရက်နေ့ ယနေ့ နံနက်အစောပိုင်း ၁၂ နာရီကျော် ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၉ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

“ဒီမနက် ၁၂ နာရီကျော်လောက် လေယာဥ် နဲ့ ဗုံး အလုံး ၃၀ နီးပါး လာကြဲသွားတယ်။ အနောက်ပိုင်း ကျောက်လုပ်နေတဲ့နေရာ ဆို​တော့ အလုပ်သမားတွေပဲ နေကြတာ ​ကြဲတဲ့​​နေရာက ဝင်းထရံလုပ်ကွက်လို့ ခေါ်ကြတယ်။ သေတဲ့သူလည်းရှိသလို ဒဏ်ရာရတာလဲများတယ်။ မီးလောင်ပျက်စီးတာတွေလည်းရှိတယ်။ “ဟု ဖြစ်စဥ် သိရှိသူ ဒေသခံတစ်ဦးမှ ပြောပါသည်။

အဆိုပါ ဗုံးကြဲမှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းနှင့် ထိုထိခိုက်ဒဏ်ရာ ရသည့် အရပ်သားများမှာ အမျိုးသမီးများ၅ဦး ပါဝင်သည်ဟု ထပ်မံသိရှိရပါသည်။ ဖြစ်စဥ် အသေးစိတ် အချက်အလက်များကို ထပ်မံသိရှိရန်အတွက် တအာင်းအမျိုးသမီးအဖွဲ့အစည်း မှ ဆက်လက်စုံးစမ်းနေဆဲ ပဲ ဖြစ်ပါသည်

ထိုဖြစ်စဥ်နည်းအတူ လွန်ခဲ့သော ဇန်နဝါရီ ၈ရက်တွင်လည်း မိုးကုတ်မြို့ ဂေါက်ကွင်းအနီး နှင့် မစိုးရိမ် ကျောင်းတိုက်တွင် ဗုံးကြဲချရာမှာ နေအိမ် ငါးလုံးနှင့်ဘုန်းကြီးကျောင်းအပါအဝင် ထိခိုက်ပျက်စီးခဲ့ပါသည်။

ပုံ- ဒေသခံ

#ဒေသခံ #သေဆုံး #ဒဏ်ရာရ #မိုးကုတ် #လေယာဥ်ဗုံးကြဲ #စကစ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း