မိုးကုတ်အရှေ့ပိုင်း ပန်းမထိပ်ကျေးရွာတွင် လေကြောင်းဗုံးကြဲခံရ၊ ကလေး ၂ ဦးသေ ၇ လသားကလေးငယ်အပါအဝင် ၁၂ ဦး ဒဏ်ရာရ 

၉ ရက် ဇူလိုင်လ ၂၀၂၅ ခုနှစ် 

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မိုးကုတ်မြို့ကို ပြီးခဲ့သည့် ဇွန်လမှ စတင်ပြီး အရပ်သားများရှိသည့် ရပ်ကွက်အတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲမှုများ စတင်တိုက်ခိုက်ခဲ့သည်ကို မှတ်တမ်းတင်ရှိထားသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီကျော် ၇ မိနစ်အချိန်၌ မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိပ်ကျေးရွာတွင် လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ၇ လအရွယ် ကလေးနှင့် ၇ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းမှတ်တမ်း ရရှိထားသည်။ 

အသက် ၁၂ နှစ်အရွယ် ဂေါ်ရခါးလူမျိုး နီဒါန်း နှင့် ကီဒါန်း ၈ နှစ် တို့သည် သေဆုံးခဲ့သည်။ 

တအာင်းလူမျိုး ၇ လ အရွယ် လွေးနှင်းဝေထွန်း နှင့် ၇ နှစ်အရွယ် မိုင်းကျော်ဇင်လတ် နှင့်အတူ  ၂၅ နှစ် ကိုနေဦး၊ ကိုအယို၊ မရွှေမှုန် မခမ်းမွေ့ ၂၁ နှစ်၊ ဦးအောင် ၂၇ နှစ်၊ ဆန်ဂါး ၃၀ နှစ်၊ ဦးထွန်းဦး ၂၈ နှစ်၊ ကိုကျော်ဇင်လတ် ၂၉ နှစ်၊ ဂေါ်ရခါးလူမျိုး ဒေါ်ဒီလာဒေဝီ ၃၇ နှစ် နှင့် ဦးကီရေ(စ်) တို့သည့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

“ လူနာတွေက ဆေးရုံ(မိုးကုတ်) ရောက်လာတယ်၊ စာရင်းတွေတော့ မှတ်ထားတယ်၊ ထိတဲ့လူနာတွေက အရမ်းများတယ်၊ Dead body က ကလေး ၂ ယောက်ပါတယ်၊ ဆေးရုံရောက်မှ ကလေး ၁ ဦးသေသွားတယ်” ဟု ဆေးကုပေးနေသည့် ဆရာမ လွေးမှ ပြောပြသည်။ 

၈ ရက်နေ့ မနက်ပိုင်းတွင် မိုးကုတ် အနောက်ပိုင်း ကျပ်ပြင်အုပ်စု ဂေါင်းဦးဘာရပ်ကွက် တွင် လေကြောင်းဗုံးကြဲခဲ့သောကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်းအရင်းအမြစ် – TLAF ကွင်းဆင်းကောက်သည့် အချက်အလက်နှင့် ဆေးရုံမှ ဆေးဆရာဝန်များ ပေးပို့သည့် အချက်အလက်