မိုင်းနင်းမိတဲ့ သီပေါက အမျိုးသားတစ်ဦး ဆေးကုသရန်ကူညီလိုအပ်
PSLF/TNLAထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဆေးကုသရန် ကူညီလိုအပ်နေတယ်လို့ ကာယကံရှင်၏ အမျိုးသမီးမှ တအာင်းအမျိုးသမီး အဖွဲ့စည်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ရက် မနက်၈နာရီ ဝန်းကျင်မှာ နောင်ကော်ကျေးရွာ အမျိုးသားတစ်ဦးဟာ တောထဲ မှိုသွားရှာရင်း မိုင်းနင်းမိတာဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
“မိုင်းနင်းမိတဲ့ချိန် သူ့ကို ဘယ်သူ့မှ မတွေ့ဘူး ကျမတို့အိမ်နဲ့ အဲဒီတောက မဝေးဘူးလေ နီးနီးလေးဘဲ ပေါက်ကွဲသံကြားတော့ ကျမနဲ့သူ့ရဲ့မောင်လေးက သူ့ကို သွားရှာရင်းနဲ့ တွေ့သွားတာလေ “
အဆိုပါ ထိခိုက်ဒဏ်ရာရသူ အသက် ၂၇နှစ် အရွယ် စိုင်းအောင်ပွင့် ဟာ ခြေထောက် နှစ်ဖက်လုံး ဒူးအောက်ပိုင်း မိုင်းစများထိမှန်ပြီး ညာလက် လက်သူကြွယ်နဲ့ လက်သန်း ပြတ်သွား ဘယ်ဘက်မျက်လုံးကွယ်ကာ ဘယ်ဘက်လက် ဖြတ်ထားရပါတယ်။
“ဘယ်ဘက်မျက်လုံးက မိုင်းစတွေရှိတယ် အဲဒါကို ဆရာဝန်က ခွဲရမယ်လို့ပြောတယ် မမြင်ရတော့ဘူးလေ အဲဒီအတွက်လဲ ကျမတို့ ပိုက်ဆံလိုနေတယ်ကူညီတော့ တောင်းထားတယ် ဘယ်သူမှ မကူညီပေးကြသေးဘူး ကူညီပေးကြပါအုံး ” လို့ ကာယကံရှင်၏ ဇနီးဖြစ်သူမှ ထပ်မံပြောကြားခဲ့ပါသည်။
စိုင်းအောင်ပွင့်ဟာ လက်ရှိလာရှိုးဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိ နေတယ်လို့ သိရပါတယ်။