မိုးကုတ် အနောက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခံရ၊ ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ပြီးခဲ့သည့် ၈ ရက်နေ့တွင် မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်အုပ်စု ဂေါင်းဦးဘာရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ လူနေရပ်ကွက်ထဲသို့ ဦးတည် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

ထိုဗုံးကြဲမှုကြောင့် ဒေသခံ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အသက် ၅၀ နှစ် ဦးတိုးလင်းထွန်း၊ ၆၈ နှစ် ဦးလှသက်၊ ၇၉ နှစ် ဒေါ်ခင်ဝင်းရီ နှင့် ဒေါ်ခင်မျိုးထွေး တို့သည် သေဆုံးခဲ့သည်။ 

၈၉ နှစ် ဦးဖိုးချစ်၊ ၉၁ နှစ် ဦးဖိုးမျှင်၊ ၇၀ နှစ် ဦးလှထွန်း နှင့် ၇၀ နှစ် ဒေါ်ခင်ကြည်တို့ သည် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ထို့အပြင် နေအိမ် ၉ အိမ် ပျက်စီးခဲ့သည်ဟု TLAF ကွင်းဆင်း ကောက်ခံခဲ့သည့် မှတ်တမ်းအရ မှတ်တမ်းတင်ထားသည်။