ကျောက်မဲမြို့တွင် ထပ်မံဗုံးကြဲခံရ၊ စစ်ရှောင် အမျိုးသား ၁ ဦးသေ၊ ၅ ဦး ထိခိုက်ဒဏ်ရာရ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်၌ ကျောက်မဲမြို့ အပြင်ဘက်ရှိ ဟိုတယ်ကော်လီတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း(ဂျက်ဖိုက်တာဗုံးကြဲလေယာဉ်)ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။ 

ထို့အပြင် ပင်လုံလမ်းမပေါ်ရှိ မြို့မရဲစခန်း နှင့် ရပ်ကွက် ၇ ရှိ ခရိုင်ရဲရုံးတို့တွင် ဗုံး ၃ လုံးဖြင့် ဦးတည် တိုက်ခိုက်ခဲ့သည်ဟု ကျောက်မဲမြို့နယ် ရဲမှူး မိုင်းပ္လါင်ပိင်ညှာမှ TWO ကို ပြောပြသည်။

‘’ ကော်လီဟိုတယ်မှာ ၁ ခါ လာချသွားတယ်၊ ဟိုတယ်က ဟိုမြို့အပြင်ဘက်မှာ ရှိတဲ့ဟာလေ၊ ရဲစခန်းမှာရော ချသွားတယ်၊ ခရိုင်ရုံးလဲ ၁ ခါ ကြဲသွားတယ်၊ ဌာနဆိုင်ရာရုံးတွေကကျတော့ လူမထိဘူး၊ ဟိုတယ်ဘက်မှာ လူထိတယ်၊ ယောကျာ်းလေး တစ်ယောက် သေတယ်” ဟု ပြောသည်။  

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဟိုတယ်ကော်လီတွင် နောင်ချိုမြို့နယ်မှ လာရောက်စစ်ရှောင်သည့် အမျိုးသား ၁ ဦးသည် သေဆုံးခဲ့သည်။ ထို့အပြင် အမျိုးသမီး ၁ ဦး  နှင့် အမျိုးသား ၄ ဦး တို့သည့် ဗုံးကျည်အစများ ထိမှန်ဒဏ်ရာရရှိခဲ့ကြပြီး ဟိုတယ်ကော်လီ နှင့် အရပ်သား နေအိမ် (၄) အိမ်  တအာင်းတပ်မတော် PSLF/TNLA မှ ထုတ်ပြန်ထားသည်။ 

သတင်းအရင်းအမြစ် – ကျောက်မဲမြို့ ရဲမှူးဌာနနှင့် ထွေအုပ်ဌာန 

ပုံ – ဒေသခံ