နမ့်ဆန်၊ ဟိုမိန်းကျေးရွာတွင် အကြမ်းဖက်စကစမှ ဗုံးကြခဲ့၊ ဒေသခံ ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
၁၇ ရက် အောက်တိုဘာလ ၂၀၂၅ ခုနှစ်
နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် ယနေ့မနက် ၈ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းတွင် ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာခံ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့မနက် ၈ နာရီကျော်အချိန်တွင် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၂၅၀ ဗုံး ၂ လုံး အကြောင်းမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် (၁၅)နှစ်အရွယ် လိုည်းစန္ဒာဝင်း၊ အသက် (၁၅)နှစ်ရွယ် လိုည်းစပယ်ညွန့်နှင့် အသက် (၅၅)နှစ်အရွယ် ဦးကွန်နွယ်တို့ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ထို့အပြင် အသက် (၂၀)နှစ်အရွယ် လွေးနီလာကျော်နှင့် အသက် (၄၀)နှစ်အရွယ် ဒေါ်အေးဆွေတို့ ၂ ဦးသည် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅) အိမ် လည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု တအာင်းတပ်မတော် – PSLF/TNLA မှ ထုတ်ပြန်ထားသည်။
ပုံ – Local











