တအာင်းတပ်မတော် ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စကစမှ ဒုတိယအကြိမ် လေကြောင်းဖြင့်ထပ်မံဗုံးကြဲခဲ့

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဒုတိယအကြိမ် လာရောက်ဗုံးကြဲခဲ့သည်ဟု သိရသည်။

ယနေ့ နေ့လည်ပိုင်း ၁း၅၅ မိနစ်အချိန်မှာ ရဲစခန်း၊ (၄၅) တပ် ဗျူဟာကုန်းတို့တွင် ပေါင် (၅၀၀)ဖြင့် ဗုံး ၂ လုံးကြဲချခဲ့သည်ဟု ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

“ဗုံးချပြီးမှ လေယာဉ်သံကြားရတာ လာတဲ့အချိန်သူ့(လေယာဉ်)အသံမကြားရဘူး၊ ဗုံးပေါက်ကွဲတဲ့အချိန်မှ ထပြေးကြတာ၊ သူတို့က တစ်ခါချပြီးတော့ တစ်ပတ်ပတ်ပြီး နောက်တစ်ခါ ပြန်လာချပြီးမှ ပြန်သွားတာ၊ လေယာဉ်ကတစ်စီးပဲ၊ လူထိတာဘာညာလဲ မသိရဘူး၊ သွားမကြည့်ရဲဘူး” ဟု ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဩဂုတ်လ ၅ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင်လည်း ကွတ်ခိုင်မြို့မစျေး၊ မီးပွိုင့်၊ ဆောက်လုပ်ရေးရုံး၊ ရပ်ကွက်(၄) နှင့် ရပ်ကွက်(၃) တွင် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲခဲ့တာကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည့်အပြင် စျေးတွင်ရှိ ဆိုင်ခန်းပေါင်းများစွာ မီးလောင်ပြာကျခဲ့သည်။

ဓါတ်ပုံ – ဒေသခံ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#ဒုတိယအကြိမ်ဗုံးကြဲ

#ကွတ်ခိုင်မြို့

#စကစ

#TNLA

#လေယာဉ်ဗုံးကြဲ