သီတင်းကျွတ်လပြည့်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ နမ္မတူမြို့လယ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ 

၆ ရက် အောက်တိုဘာလ ၂၀၂၅ 

ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ မနက် ၇ နာရီခွဲအချိန်တွင် နမ္မတူမြို့မ စျေး ရပ်ကွက် ၂ တွင် အကြမ်းဖက်စစ်ကောင်စီမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၆ အိမ် အထက်မနည်း ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံ ၂ ဦး လည်း အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံ စုံစမ်းသိရှိရသည်။ 

“ နမ္မတူမှာ အခုလေးတင်လာကြဲသွားတယ်၊ ကျမအိပ်ပျော်နေလို့ လေယာဉ်လာမှန်းမသိဘူး၊ ချလိုက်မှ လန့်နိုးသွားတယ်၊ မီးသတ်ရဲ့အနောက်ဘက်မှာ အိမ်တွေအများကြီးထိသွားတယ်၊ ဖြစ်တဲ့နေရာလဲ အခုထိသွားမကြည့်ရဲသေးဘူး၊ ကြားရသလောက်တော့ လူတွေအများကြီးမထိထားဘူး ” ဟု TWO ကို ပြောသည်။ 

ယနေ့မနက် ၇ နာရီ ၄၂ မိနစ်အချိန် တစ်ရက်တည်းတွင် တအာင်းတပ်မတော် TNLF/PSLF ထိန်းချုပ်ထာသည့် သီပေါမြို့နယ် ဇာတ်စုရပ်ကွက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေး ၁ ဦး နဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း နမ္မတူမြို့ နယ် လူနေထူထပ်သည့် ရပ်ကွက် (၈)တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၄ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉ အိမ် ထိခိုက်ပျက်စီးခဲ့သည်။ 

ပုံ – ဒေသခံ 

တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သတင်းအချက်အလက်များကို အောက်ပါ Website တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://taangwomen.org/english

#မန်တုံ #နမ္မတူ #ဗုံးကြဲမှု #ထိခိုက်သေဆုံး #အကြမ်းဖက်စကမ #မအလ