ကျင်သီကျေးရွာတွင် စကစမှ ဗုံးကြဲတိုက်ခိုက်ခဲ့၊ ဒေသခံ ၂ ဦးသေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ
မနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် ကျင်သီကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော် – TNLA/PSLF မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၄ ရက်နေ့တွင်လည်း မန်ဟဲကျေးရွာ၊ ၂၃ တပ်စခန်းဟောင်းအနီး နှင့် ကျောင်းစုကျေးရွာ ဘဏ္ဍာဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် အချို့ပျက်စီးခဲ့သည်။











