နမ့်ဆန်၊ ကွမ်ဟယ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးလာကြဲနေ

ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်း လေးနာရီခွဲအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်မှ ဂျက်လေယာဉ်နှစ်စီးဖြင့် ဗုံးလာကြဲနေသည်ဟု သတင်းရရှိပါသည်။

နမ့်ဆန်ဒေသခံတစ်ဦး ပြောပြချက်အရ “ တိုက်ပွဲလဲမဖြစ်ဘူး၊ သူတို့က ဘာဖြစ်လို့ လာပစ်မှန်းမသိဘူး၊ ကျမတို့လဲ ကြောက်လို့ ကတုတ်ကျင်းထဲမှာ ပုန်းနေရတယ်၊ ဘယ်သူမှထွက်မကြည့်ရဲကြဘူး ” ဟု ပြောပါသည်။

ယခုလက်ရှိ မှတ်တမ်းရေးနေချိန်အထိ ဂျက်လေယာဉ်ပြန်လာပြီး ရွာအနီးတစ်ဝိုက်တွင် ဝဲနေသည်ဟု နောက်ထပ်ရွာခံတစ်ဦးက ပြောသည်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် လက်နက်ကြီးများ၊ လေယာဉ်ဖြင့် အကြောင်းမဲ့ဗုံံးကြဲခြင်း မကြာခဏပြုလုပ်လျက်ရှိသည်။ လွန်ခဲ့သည့် ဇန်နဝါရီ (၇) ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မြို့သစ်ကျေးရွာသို့ ဒုတိယအကြိမ် ဗုံးလာကြဲသောကြောင့် ကလေးအပါအဝင် ရွာသား (၈) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ (၁၃) ဦး အထိ ရှိခဲ့သည်။

Photo – Local (Ashia Uttama)

#နမ့်ဆန်

#ရှမ်းမြောက်

#တအာင်းဒေသ

#ဂျက်လေယာဥ်

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *