နောင်ချို၊ သုံးဆယ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသား ၃ ဦး သေဆုံးခဲ့

ရှမ်း/မြောက် နောင်ချို့မြို့နယ်တွင် ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့လည် ၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းအသုံးပြုပြီး သုံးဆယ်ကျေးရွာအတွင်းတွင် ဗုံးကြဲခဲ့ခြင်းကြောင့် ရွာသား (၃) ဦး ထိခိုက်ပြီး သေဆုံးသွားခဲ့ပြီး နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ရွာခံတစ်ဦးထံ သိရှိရပါသည်။

သုံးဆယ်ရွာ အမျိုးသားတစ်ဦးက “ အဲ့ဒီသတင်းဖြစ်တာ ဟုတ်တယ်၊ လောလောဆယ်က ကျနော်က အခြားရွာဘက်မှာ အလုပ်ဆင်းနေတဲ့အချိန်မှာ ဖြစ်သွားတယ်၊ လက်နက်ကြီးကျတယ်လို့ ပြောတယ်ဗျ၊ ကျနော်သတင်းသိတာက ၃ ယောက်သေတာ၊ ဂေါ်ရခါး အထည်ဆိုင်က မိသားစုတွေ ထိတာတဲ့ ” ဟု TWO ကို ပြောပါသည်။

သေဆုံးသွားသူများသည် မိသားစုအလိုက်ဖြစ်ပြီး သမီးဖြစ်သူ အသက်(၁၃) နှစ်အရွယ် အပါ ၎င်းမိခင်နှင့် ဖခင်သည် လက်နက်ကြီးထိမှန်ပြီး ခဏအကြာဆေးကုနေရင်း သေဆုံးသွားခဲ့သည်ဟု ၎င်းအမျိုးသားက ထပ်မံပြောပြပါသည်။

“ဘယ်နေလာမှန်းမသိတဲ့ လက်နက်ကြီးပါ ကျနော့်တို့ရွာမှာလေ သူတို့ဆီက ဘက်စုံလာတာလေ နေရာစုံပစ်လာနေတော့လေ ဘယ်ကလို့တောင်မှ မသိတော့ဘူး တစ်ရက်ကို ဘယ်နှလုံးကျမလဲ ထိုင်စောင့်နေရတဲ့ ပုံစံမျိုးဖြစ်သွားပြီ ကျနော့်ရွာကလေ ဟက်စကီးနဲ့ပြန်လာချသေးတယ် ကျနော့်အိမ်ဘက်ကကျတော့ လေယာဉ်နဲ့လာပစ်သွားတယ်လို့ ပြောတယ်၊ ကျနော့်သားက ပြောလာတာ အဖေသားတို့အိမ်လည်း လက်နက်ကျသွားတယ်တဲ့ လူတော့ဘာမှမဖြစ်ဘူးတဲ့ ” သည်ဟု ထပ်မံပြောခဲ့သည်။

အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးပစ်ခတ်ပြီးနောက်တွင် သုံးဆယ်ကျေးရွာအတွင်း လေယာဉ်ဖြင့် နောက်တစ်ကြိမ် လာရောက်ဗုံးကြဲခဲ့ပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အသေးစိတ်စာရင်းကို မသိရှိရသေးဘူးလို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ယနေ့အချိန်အထိ အုမ္မသီးကျေးရွာမှ ပြင်ဦးလွင်မြို့သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့်မရှိပဲ ပိတ်ထားသည်မှာ ၂ လနီးပါး ကြာမြှင့်ခဲ့ပြီလို့လည်း သိရှိရပါသည်။

နောင်ချိုမြို့နယ်အတွင်းတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမအပတ်ကတည်းက တအာင်းတပ်မတော်(TNLA) နှင့် MDY-PDF(မန္တလေး)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သံဘိုကျေးရွာ စစ်ကောင်စီအခြေစိုက်စခန်းကို သိမ်းပိုက်ရရှိထားတယ်လို့ နှစ်ဖွဲ့စလုံးမှ ထုတ်ပြန်ထားသည်။

Photo _ Local

#အရပ်သားသေဆုံး

#လက်နက်ကြီး

#အိမ်ပျက်စီး #အကြမ်းဖက်စစ်တပ် #သုံးဆယ်ရွာ

#နောင်​ချို​မြို့