မူဆယ်တွင် မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်လိုက်ရသော ဒေသခံသုံးဉီး ဆေးကုသရန်အတွက် အကူအညီလို အပ်နေ

ှမ်း/မြောက် မူဆယ်မြို့နယ်တွင် ဒေသခံအမျိုးသား ၃ ဦးတို့သည် မိုင်းနင်းမိပြီး ၃ ဦးစလုံးမှာ ခြေတစ်ဖက်စီ ဖြတ်လိုက်ရသဖြင့် ဆက်လက်ပြီး ဆေးကုသရန်အတွက် အကူအညီလိုအပ်သည်ဟု သိရှိခဲ့ရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ရက်နေ့ ညနေ ၄နာရီကျော်အချိန်တွင် စွမ်းစော်ကျေးရွာအုပ်စုတွင် နေထိုင်သော အသက်(၅၄) နှစ် ဉီးစိုင်းဆမ်ခေါင်သည် ကျေးရွာ၏ နတ်စင်အနီးတွင် ထင်းခုတ်ရန်သွားနေစဉ်တွင် မိုင်းနင်းမိကာ ညာဘက်ခြေထောက်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။

ဦးစိုင်းဆမ်ခေါင်၏ ညီမဖြစ်သူပြောပြချက်အရ “ သူက ရွာနတ်စဉ်နားမှာ ထင်ခွေမလို့သွားတာ အဲမှာပဲ မိုင်းနင်းမိသွားတာ၊ ညာဘက်ခြေထောက်ကို ဒူးအောက်ပိုင်းကနေ ဖြတ်လိုက်ရတယ်၊ အခုလဲ ဆေးရုံမှာပဲ ရှိသေးတယ်၊ သူက မွေးရာပါ စကားမပြောတတ်တော့ ဘာမှမပြောထားဘူး ” ဟု တအာင်းအမျိုးသမီးအဖွဲ့ အစည်းထံတွင် ပြောပြခဲ့ပါသည်။

ထို့အပြင် ဇန်နဝါရီလ ၁၄ ရက် နေ့လည်ပိုင်း ၁၂ နာရီခွဲအချိန်တွင်လည်း မန်မိုင်ကျေးရွာနေ အသက် (၄၂) နှစ်အရွယ် ဦးစိုင်းခွန်ရီအောင်သည် ထင်းခုတ်ရန်သွားခဲ့စဉ်တွင် ထပ်မံပြီး မြေမြှပ်နင်းမိုင်းနင်းမိကာ ခြေထောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခြေတစ်ဖက်ဖြတ်ခဲ့ရပါသည်၊၊

ကယာကံရှင်ဖြစ်သူ ဦးစိုင်းခွန်ရီအောင်မှ “ကျတော်က မန်မိုင်ရွာ ဆုတောင်းကုန်းပေါ်မှာ ထင်းသွားသယ်ရင်းနဲ့ မိုင်းနင်းမိတယ်၊ မိုင်းရှိမယ်လို့မထင်ဘူး၊ စစ်တပ်စခန်းလည်း မရှိဘူးဆိုတော့ ကျန်တဲ့နေရာတွေက ပွန်းပဲ့ ဒဏ်ရာပဲရတယ်၊ ဘယ်ဘက်ခြေတစ်ဖက်ဖြတ်လိုက်ရတယ် ’’ဟု ပြောပါသည်။

၎င်းဖြစ်စဉ်နည်းအတူ ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီအချိန်တွင် ဝိန်းနန်းတံတားဘက်တွင်ရှိသော နတ်စဉ်နားမှာ နှီးပြုလုပ်ရန် ဝါးသွားရှာသည့် အသက် (၄၄) အရွယ်ရှိ ဦးစိုင်းထွန်းမြင့်ဆိုသူလည်း မိုင်းနင်းမိပြီး ဘယ်ဘက်ခြေ တစ်ဖက်ဖြတ်ခဲ့ရသည်၊၊

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမတစ်ပတ်အတွင်း မူဆယ်မြို့နယ်တွင် မြေမြှပ်မိုင်းနင်းမိသည့် အမျိုးသား (၃) ဦးရှိပြီး ၎င်းတို့သည် ရှမ်းလူမျိုးများဖြစ်ကြကြောင်း သိရပါသည်။

Photo – Local residents

#မိုင်း

#ဒေသခံများ

#မူဆယ်

#ရှမ်းမြောက်

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *