အိမ်သို့ပြန်လာနေသည့်ကားသမားတစ်ဦးကိုအကြမ်းဖက်စစ်ကောင်စီမှပစ်ခတ်သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် လားရှိုးမြို့ပေါ်မှ မိုင်းယော်သို့သွားသည့် လမ်းမပေါ်တွင် ခွေးဘီလူးကား အမျိုးအစားမောင်းနှင်းလာသည့် အရပ်သားအမျိုးသားတစ်ဦးကို ဇန်နဝါရီလ (၁၆) ရက် ည (၇) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာမှ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။
ဖြစ်စဉ်ကိုသိရှိသူ လားရှိုးဒေသခံတစ်ဦး ပြောပြချက်အရ “သူက အလုပ်ကနေပြန်လာတာထင်တယ်၊ တာပုံရွာသွားတဲ့ဘက်ပေါ့၊ အဲ့ဒီမှာ စစ်တပ်ဂိတ်တွေ အများကြီးရှိတယ်လေ၊ သူ့ကို ပထမတစ်ဂိတ်မှာ တားတာ သူကမရပ်ပေးဘူး၊ နောက်ထပ် ဒုတိယဂိတ်မှာ ပြန်တားတော့ သူက ထပ်မရပ်တော့ သူတို့က သူ့ကို ပစ်လိုက်တာဖြစ်တယ်၊ လူကတော့ ချက်ချင်းသေသွားတယ်၊ သူ့ကားကတော့ သူတို့သိမ်းလိုက်တာလား၊ ဘယ်မှာလဲတော့ သေချာမသိရသေးဘူး” ဟု ပြောပါသည်။
သေဆုံးသွားသည့် ဒေသခံအမျိုးသားသည် မည်သည့်ကျေးရွာတွင်နေထိုင်သည့် ရွာသားဖြစ်ကြောင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို သေချာမသိရသေးကြောင်း ၎င်းမှ ဆက်လက်ပြောဆိုခဲ့သည်။
ရှမ်း/မြောက် မြို့နယ်အများစုတွင် အကြမ်းဖက်စစတပ်မှ ညမထွက်ရအမိန့်ကို စတင် ထုတ်ပြန်ထားသည့် အချိန်မှစပြီး ယနေ့အထိ လားရှိုးမြို့ ရပ်ကွက် (၅) မှ အမျိုးသား ၂ ဦး နှင့် ရပ်ကွက်(၁) မိုင်းမော်လမ်းထဲတွင် နေထိုင်သည့် ဝတိုင်းရင်းသား အမျိုးသား ၁ ဦး ပစ်သတ်ခံခဲ့ရပြီး စုစုပေါင်း ၄ ဦး အထိ ရှိခဲ့သည်။
Photo – Local residents
#အမျိုးသား
#ပစ်သတ်ခံရ
#လားရှိုးမြို့