တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်ဖွဲ့မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်မပြည့်သည့် ကလေးငယ်ပါအဝင် ၃ ဦးဒဏ်ရာရ ၁ ဦး သေဆုံးခဲ့

Ta’ang Women’s Organization

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ပိန်းပြစ်လီဆူကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ ညသန်းခေါင်အချိန် ၁၂ နာရီတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးရမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားနေအိမ်အပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် (၂) ဦးနှင့် ၎င်းမိဘနှစ်ဦးကိုပါ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဖခင်ဖြစ်သူသည် အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်ပြီးသေဆုံးသွားခဲ့ပါသည်။

လက်နက်ကြီးကျည်စကြောင့် သေဆုံးသွားခဲ့သူ အသက်(၃၄) နှစ်အရွယ် ဦးအစီးဖာ နှင့် သမီးဖြစ်သူ မချစ်ချစ်ထွေး၊ အလေးမီး နှင့် ဇနီးဖြစ်သူ မဂူတာမီးတို့ ဖြစ်ကြပြီး မန္တလေးဆေးရုံကို ပို့ဆောင်ဆေးကုသနေရတယ်လို့ သိရှိရသည်။

ဖြစ်စဉ်သိရှိသူ တစ်ဦးပြောပြချက်အရ “သူတို့အိမ်ပေါ်မှာ လက်နက်ကြီးကျပြီး ထိသွားတာ၊ အိပ်မော့ကျတဲ့အချိန်လဲ ဖြစ်နေတော့ ထပြီး မပြေးအားဘူး၊ သူတို့အဖေတော့ အဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတာ၊ ကျန်တဲ့ သူမိန်းမနှင့် သူ့သမီးနှစ်ယောက်တော့ ဒဏ်ရာပြင်းလို့ ဆေးရုံးသွားပို့နေတယ်၊ အခုကျမတို့ လမ်းမှာပဲ ရှိသေးတယ်၊ သူတို့မိသားစုက ဆင်းရဲနေတော့၊ အခုက ရပ်ကွက်ကလူတွေပဲ ပိုက်ဆံစုပြီး သူတို့ကို ဆေးရုံးလိုက်ပို့တာ၊ ပြီးတော့ သူတို့အိမ်ကနေလို့မရတော့ဘူး” ဟုပြောပါသည်။

သေဆုံးသွားသူ အသက် (၃၄) နှစ် ဦးအစီးဖာသည် ရင်ဘတ်တွင် ပြင်းထန်စွာလက်နက်ကျည်ထိမှန်ခဲ့ပြီး သူ၏ ဇနီးဖြစ်သူ အသက် (၃၀) ရှိ ဒေါ်ဂူတာမီးသည် ခြေထောက်၊ ပေါင်တံ နှင့် ပါးပြင်တွင် သော်လည်းကောင်း ၊ အသက် (၇) နှစ်ရှိ မအလေးမီးသည် ဝမ်းဗိုက်ပေါက်ပြီး အူထွက်သည့် ဒဏ်ရာသော်လည်းကောင်း၊ အသက် (၁) နှစ်ရှိ မချစ်ချစ်ထွေးသည် ဒူးခေါင်းတို့တွင် သော်လည်းကောင်း ဒဏ်ရာအသီးသီး ရရှိကြပါသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပိန်းပြစ်လီဆူကျေးရွာ ဒေသခံများသည် ကျေးရွာတွင် မနေရဲကြတော့ပဲ ဘေးလွတ်ရာအနီးရှိ ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရှိရသည်။

photo – Local

#လက်နက်ကြီး

#ကလေးငယ်

#‌ရွာသားထိမှန်

#လီဆူကျေးရွာ

#မိုးကုတ်

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *