တအာင်းတပ်မတော် ထိန်းချုပ်သည့် မိုးကုတ်မြို့ကို စကစ မှ လေကြောင်းဖြင့် ဗုံးကြဲ
တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်သစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။
မနေ့ည ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၂ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အရပ်သားနေအိမ်နှင့် အုန်းကိုင်းကျောင်းဆောင်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ပါသည်။
မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးမှ” ထိတာက သေတဲ့သူတော့မရှိဘူး။ ဒဏ်ရာရတဲ့သူပဲရှိတယ်။ ၂ ယောက် ပဲထိတယ်။ ဗုံးအစဆင်ပြီး ခြေထောက်မှာပဲ ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ အုန်းကိုင်းရွာက ဘုန်းကြီးကျောင်းရဲ့ ဆွမ်းစားဆောင်နှင့် ခေါင်မိုးတွေ ထိပြီးပျက်စီးသွားတယ်။ အဲ့နားက လူနေအိမ် တွေလည်း ထိသွားတယ်။ တစ်အိမ်ဆိုဘာမှရစရာမရှိတော့ဘူး။ နေအိမ် ၄၊၅ အိမ်ပေါ့ ” ဟုပြောပါသည်။
ထိုသို့လေယောဥ်ဗုံးကြဲမှုကြောင့် ထိခိုက်သည့် ဖြစ်စဥ်အသေးစိတ်ကို သိရှိရန်အတွက် တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။
ထိုဖြစ်စဥ်နည်းအတူ တအာင်းတပ်မတော(TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့လယ် ရပ်ကွက်တွင် ဇွန် ၂၄ ရက်နေ့ ညနေပိုင်း ၅ နာရီ အချိန်တွင် ဗလီကျောင်းနှင့် ရပ်ကွက် ၄ ရှိ စံပြထမင်းဆိုင်အနီးကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူလူထု ၄ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဗလီကျောင်းနဲ့ ဆရာလေးစာသင်ကျောင်းအပါ အရပ်သားနေအိမ် ၂၄ အိမ် ထိခိုက်ပျက်စီးခဲ့သည်။
Photo – Local