ကျောက်မဲတွင် စကစမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာ
ြီးခဲ့သည့် ၂၆ ရက် နေ့လယ် ၁ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ နောင်ပိန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ဒေသခံအမျိုးသား ၁ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ အိမ် ပျက်စီးခဲ့သည်ဟု သိရှိရသည်။
ကျောက်မဲဒေသခံအမျိုးသားတစ်ဦး ပြောပြချက်အရ အကြမ်းဖက်စစ်ကောင်စီသည် နောင်ချိုမြို့မှ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာဘက်သို့ ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်လာသောကြောင့် ရပ်ကွက် ၁ နှင့် ၂ အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ပြောသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၆ အိမ် ထိခိုက်ပျက်စီးသည့်အပြင် နောင်ချိုမြို့မှ စစ်ဘေးရှောင်လာသည့် အသက် ၃၀ နှစ်အရွယ် ကိုနောင်အေး သေဆုံးပြီး ဒေသခံ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။

ဇူလိုင်လတွင် ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲမှု ၅ ကြိမ် နှင့် လက်နက်ကြီး ၁ ကြိမ် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်လှမ်းမှီသလောက် ကောက်ယူထားသည့် စာရင်းအရင် ဒေသခံ ၃ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၂၈ အိမ်၊ အမက (၁၃) စာသင်ကျောင်း နှင့် ဟိုတယ်ကော်လီ၊ ဌာနဆိုင်ရာ အဆောက်အဦး ၅ ခု တို့ ထိခိုက်ပျက်စီးခဲ့သည်။
ကိုးကားပုံ – ဒေသခံ