မိုးမိတ်မြို့ပေါ်ရပ်ကွက်တွင် အကြမ်းဖက်စကစမှ ဗုံးကြဲ၊ ​ဒေသခံ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

၁၇ ရက် အောက်တိုဘာလ ၂၀၂၅ ခုနှစ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ် တောင်ပိုင်းရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင့် ဒေသခံအမျိုးသားတစ်ဦးထံမှ စုံစမ်းသိရပါသည်။

ဖြစ်စဥ်တွင် မနေ့အောက်တိုဘာလ ၁၆ ရက် ည ၆ နာရီခွဲတွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးနှင့် ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

” ပေါင် ၅၀၀ တစ်လုံးနဲ့ ပေါင် ၂၅၀ ၁ လုံး လာကြဲသွားတယ်။ ကျတာက

အမျိုးသမီး ၁ ယောက်ထိတယ်။ ညာ လက်မောင်းမှာ သူဒဏ်ရာရတယ်။ အိမ် ၃ အိမ်လည်း ပျက်စီးတယ်”ဟု ဖြစ်သိရှိသူအမျိုးသားတစ်ဦးထံမှ သိရှိရပါသည်။ 

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့်သူသည် တောင်ပိုင်းရပ်ကွက်နေ  အသက် (၅၀) အရွယ် ဒေါ်အုံရွှေပဲ ဖြစ်ပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု ဝဲပေါင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေး ၂ ဦးအပါအဝင် ဒေသခံ  ၇ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။