နမ္မတူ၊ မန်လီရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်မှ ဒုတိယအကြိမ် လေယာဉ်ဖြင့် ထပ်မံ‌ဗုံးကြဲခြင်းကြောင့် စာသင်ကျောင်း နဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့

Ta’ang Women’s Organization – TWO

မနေ့ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင် ရှမ်း/မြောက် နမ္မတူမြို့နယ် မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ဂျက်လေယာဥ် နှင့် ထပ်မံဗုံးလာကြဲခြင်းကြောင့် စာသင်ကျောင်းအပါအဝင် ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သတင်းစုံစမ်း သိရှိရပါသည်။

ဗုံးကြဲခြင်းကြောင့် မန်လီကျေးရွာ၏ စာသင်ကျောင်း၊ မူကြိုကျောင်း၊ ခန်းမအပါအဝင် သိမ်ကျောင်း နှင့် ကိုယ်ထူကိုယ်ထစာကြည့်တိုက်များ အပြင် မန်လီကျေးရွာ ဒေသခံနေအိမ် (၁၀) အိမ် ထိခိုက်ပျက်စီးခဲ့သည်။

မန်လီကျေးရွာ ဦးဇင်းတစ်ပါးမှ ” မနေ့ညနေ ၅ နာရီဝန်းကျင်မှာ လာကြဲသွားတယ်၊ စာသင်ကျောင်းလည်း ပြောင်ပြီ ရစရာမရှိတော့ဘူး၊ မူကြိုကျောင်း၊ ခန်းမအပါပေါ့၊ သိမ်ကျောင်းနဲ့ စာကြည့်တိုက်လဲထိတယ်၊ ပြီးရင် ဒေသခံနေအိမ် ၁ဝ အိမ်ကျော်လောက်ထိတယ် ” သည်ဟု မိန့်ပါသည်။

အကြမ်းဖက်စစ်တပ်၏ ဂျက်လေယာဥ်သည် မန်လီကျေးရွာကို လာရောက်ဗုံးမကြဲခင်အချိန်တွင် သီပေါမြို့နယ် ကုန်စုံရွာနားတွင်လည်း လေယာဥ်တစ်စီး အရင်ဗုံးကြဲခဲ့ကြောင်း ဦးဇင်း၏ ပြောပြချက်အရ ထပ်မံသိရှိရသည်။

ထိုဖြစ်ရပ်နည်းအတူ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မန်လီကျေးရွာကို အကြမ်းဖက်စစ်တပ်မှ ဂျက်လေယာဥ်ဖြင့် တစ်ဖက်သက် ဗုံးလာကြဲခဲ့ခြင်းကြောင့် မန်လီရွာဦး ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ သာသနာ့အဆောက်အဦး အများအပြားထိခိုက်ပျက်စီးမှုရှိသည့်အပြင် မန်လီရွာတွင် တာဝန်ထမ်းဆောင်နေသော တအာင်းအမျိုးသားပညာရေးကော်မတီ(TNEC) ၏ ကျောင်းဆရာမ ဖြစ်သူ လွေးမေဖြိုးအိကို လေယာဥ်ဗုံးကျည်စ ထိမှန်သေဆုံးခဲ့ပါသည်။

Photo – Local residents

#ဂျက်လေယာဥ်

#လေကြောင်းဗုံးကြဲ #အကြမ်းဖက်စစ်တပ် #မန်လီရွာ #နမ္မတူ #စာသင်ကျောင်း #အိမ်ပျက်စီး

 

 

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *