မိုင်းလုံနယ်ကို အကြမ်းဖက်စကစမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၁ဦး အပါအဝင် ကျေးရွာခံ ၁၀ ဦးသေဆုံးခဲ့

၇ ရက် အောက်တိုဘာလ ၂၀၂၅ ခုနှစ်

ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်အချိန်မှာ တအာင်းတပ်မတော်- PSLF/TNLA မိုင်းလုံမြို့နယ် မိုက်ဟုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သတင်းသိရှိရသည်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မိုင်းလုံမြို့နယ်(ခွဲ) နမ့်ခုံးကျေးရွာအုပ်စု မိုက်ဟုန်းကျေးရွာတွင် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်တိုက်ခိုက်ခဲ့ပြီး ကလေး ၁ ဦးအပါအဝင် ကျေးရွာခံ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၄ ဦး သေဆုံခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးထံ သိရှိရသည်။ 

ဒေသခံ အမျိုးသားတစ်ဦးမှ “ ဟုတ်တယ် ဟုတ်တယ် ဒီ မိုက်ဟုန်းကျေးရွာမှာ၊ ဟိုဘက်မှာ ဒီရတနာသိင်္ဂီရွာအစပ်နားလေးက မိုင်းလုံနယ်ပဲ၊ သူတို့ရွာက တောကျတယ် ပတ်ပတ်လည်မှာလဲ ရွာမရှိဘူး၊ မိုးကုတ်လမ်းမကြီးကနေ တောတောသွားရသေးတယ်၊ တအာင်းရွာမဟုတ်ဘူး၊ ရှမ်းရွာတွေဖြစ်တယ် ” ဟု ပြောသည်။ 

အသက် ၂ နှစ်အရွယ် မောင်အိုက်ဦး၊ ကိုအိုက်ထပ် ၂၇ နှစ်၊ ကိုအောင်ဆာ ၂၉ နှစ်၊ ကိုဆိုင်းစံပွင့် ၃၅ နှစ်၊ ကိုအိုက်ကျန်ဆာ ၃၇ နှစ်၊​ ဒေါ်အူန်းခင် ၄၅ နှစ်၊ နန်းခင်ပ ၂၉ နှစ်၊ နန်းလှဆိုင် ၂၅ နှစ်၊ နန်းအေးတက် ၂၂ နှစ်၊ ဒေါ်နန်းအေးမေ ၃၉ နှစ် တို့ သေဆုံးခဲ့သည်။ 

ထို့အပြင် အမည်မသိရသေးသည့် ဒေသခံ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၆ အိမ် လည်း ထိခိုက်ပျက်စီးခဲ့သည်။

ယနေ့ မနက် ၆ နာရီခွဲအချိန်တွင်လည်း နမ္မတူမြို့ ရပ်ကွက် ၈ ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းဆောင်ကို အကြမ်းဖက်စစ်ကောင်စီမှ ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းအဆောက်အဦး အကုန်နီးပါးပျက်စီးသွားခဲ့သည်။ 

ပုံ – ဒေသခံ 

#မိုင်းလုံ​ 

#မိုက်ဟုန်းရွာ 

#စကစ 

#ဗုံးကြဲတိုက်ခိုက်

#သေဆုံး

#အိမ်ပျက်စီး

#ကလေးပါဝင်