နောင်ချိုမြို့တွင် လေကြောင်းဗုံးကြဲမှုကြောင့် ဒဏ်ရာရသော အမျိုးသမီးတစ်ဦး ထပ်မံ ခွဲစိတ်မှု ပြုလုပ်ရန်အတွက် အကူအညီလိုအပ်နေ
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသော ရှမ်း(မြောက်)နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေတွင် တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ အထွေထွေအုပ်ချုပ်ရေးရုံးကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။
အဆိုပါ ဒဏ်ရာရရှိသော အမျိုးသမီးငယ်တစ်ဦးမှာ အသက်(၁၇)နှစ်အရွယ် မသက်ထားစံဖြစ်ပြီး ညာခြေထောက်ဒူး အောက်ပိုင်း အရိုးကျိုးပြီး အသားများလည်း ကြွေမွထားသဖြင့် လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိနေပါသည်။
“အုပ်ချုပ်ရေးမှူးရုံးကို လေယာဉ်နဲ့ သုံးခါလာပစ်ချသွားတာ၊ ဒုတိယတစ်ခေါက်မှာ သူက ဗုံးစမှန်သွားတယ်၊ နောက်အမျိုးသမီး တစ်ယောက်လဲထိတယ် သူကတော့ သေသွားတယ်၊ ဈေးသိမ်းနေတဲ့အချိန်ဆိုတော့ လူကသိပ်မ များတော့ဘူး ပြန်တဲ့သူလဲပြန်ကုန်ကြတယ်လေ”ဟု အမျိုးသမီးငယ်၏ မိသားစုဝင် တစ်ဦးက တအာင်းအမျိုးသမီး အဖွဲ့အစည်းထံ ပြောပြခဲ့ပါသည်။
နောင်ချိုမြို့နယ်မှာ ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃ ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး ထိခိုက်မှု စာရင်းသေးစိတ်ရရှိရန်အတွက် တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆက်လက်စုံးစမ်းနေဆဲ ဖြစ်ပါသည်။
ပုံ – ဒေသခံ
#နောင်ချို #လေကြောင်းဗုံးကြဲတိုက်ခိုက်မှု #အမျိုးသမီး #ဒဏ်ရာရ #သေဆုံး