မိုင်းငေါ့နယ်တွင် စကစ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရ
၁၉ ရက် အောက်တိုဘာလ ၂၀၂၅
ယနေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မိုင်းငေါ့မြို့နယ် လွယ်ပိန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
လွယ်ပိန်းကျေးရွာ၏ ဘုန်းကြီးကျောင်းအနီးတွင် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျရောက်ပြီး ဇရပ်နှင့် ဘုန်းကြီးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့သည်။
မနေ့ည ၈ နာရီခွဲအချိန်တွင်လည်း အကြမ်းဖက်စကစမှ ကျောက်မဲ-မိုင်းငေါ့လမ်းပေါ်ရှိ ၁၁ မိုင်ကျေးရွာတွင် ပေါင် ၅၀၀ ဗုံးကြဲခဲ့သောကြောင့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။










