ကွတ်ခိုင်မြို့ တွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ

တအာင်းတပ်မတော်_PSLF/TNLA ထိန်းချုပ်ထားသည့် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်တွင် အမျိုးသားတစ်ဦးမှ ခြေဆေးရန် သွားရာမှ မိုင်းနင်းမိရင်း ဘယ်ခြေထောက်ဖြတ်လိုက်ရသည်ဟုသိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ  ၁၁ ရက် မနက်  နာရီဝန်းကျင် ကွတ်ခိုင်မြို့ ပန်ဆေးကျေးရွာတွင် နေထိုင်သော မိုင်းအိုက်ယိုင်သည် ရေချောင်းတွင် ခြေဆေးရန်ဆင်းရင်း မြေမြှပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက်ဖြတ်လိုက် သည်ဟုသိရပါသည်။

ကာယကံရှင်ပြောပြချက်အရ “ ကျတော်က ဈေးကနေပြန်လာပြီး လမ်းဘေးက ရေချောင်းမှာ ခြေထောက် ဆေးမယ်ဆိုပြီး ဆင်းသွားတာနဲ့နင်းမိတာပါ။ ရေချောင်းက ပန်ဆေးရွာမဝင်ခင်မှာပဲ။ နောက်ထပ်လမ်းက လွယ်ဆိုင်ဖက်ကပေါ့။ ဒါပေမယ့် အဲ့ဖက်မှာပိုဆိုးဘယ်သူမှ မသွားရဲဘူး။ စစ်တပ်နဲ့နီးတော့လေ။ ခုချိန်တော့ လမ်းတည့်တည့်သွားရဲတယ်။ ဟိုဝင်ဒီဝင်တော့ မလုပ်ရဲဘူး။ဟုပြောပါသည်။