မိုင်းလုံမြို့ကို စစ်ကောင်စီဗုံးကြဲ၊ ဒေသခံ ၁ ဦး ပွဲချင်းပြီးသေဆုံး
၂၉ ဇူလိုင်လ ၂၀၂၅ ခုနှစ်
တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်ထားသည့် မိုင်းလုံမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ယနေ့ ညနေပိုင်း ၅ နာရီ မိနစ် ၃၀ အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းလုံမြို့အပြင်ဘက် မိုးပြေကျေးရွာ သွားသည့်လမ်းတွင် ပေါင် ၂၅၀ ဗုံး ၁ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး နေအိမ် ၇ အိမ် ပျက်စီးခဲ့သည်ဟု ဒေသခံများထံ သိရှိရသည်။
ဖြစ်စဉ်သိရှိသည့် မိုင်းလုံဒေသခံ အမျိုးသားတစ်ဦး ပြောသည်မှာ “ အဘိုးတစ်ယောက်ထိလို့ သေသွားတယ်၊ သူ့အိမ်မီးဖိုချောင်နောက်မှာကျတာ၊ အိမ်တွေလဲ ထိတယ်၊ လေယာဉ်လာတဲ့အချိန် ဘိုးတော်က ထွက်ကြည့်လိုက်တာ၊ သူတို့မိသားစုထမင်းစားနေကြတာ၊ သူကထမင်းပန်းကန်ကိုင်ပြီး အပြင်ထွက်ကြည့်လို့ သူ့ကိုထိသွားတာ၊ ကျန်တဲ့သူ့မိသားစုတွေက ဒဏ်ရာရတာတော့ မရှိဘူး” ဟု ပြောသည်။

သေဆုံးသွားသည့် အသက် ၄၆ နှစ်အရွယ် ဦးထွန်းရင်သည် ဦးခေါင်း နှင့် ရင်ဘတ်တွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။
ယနေ့ မနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မိုးကုတ်မြို့ အရှေ့ပိုင်း မင်းတံတား၊ ရွှေဘုံသာ နှင့် အရှေ့ရွာရပ်ကွက်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မှတ်တမ်းရရှိပါသည်။
ကိုးကားပုံ- ဒေသခံပေးပို့