နောင်ချိုမြို့တွင်အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ရှည်အုပ်စု မတ်လွတ်ကျေးရွာတွင် နေထိုင်သည့် ဒေါ်သီတာမွေးသည် ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေအိမ်အရှေ့ဘက် လမ်းမဘေးကို လမ်းရှင်းလင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟု သိရပါသည်။

“ကျတော်က အိမ်အနောက်ဖက်မှာ အိမ်သာကျွင်းတူးနေတယ်၊ ကျတော့်အမျိုးသမီးက အိမ်အရှေ့ဖက် လမ်မဘေးကို ရှင်းနေတာ၊ အဲမှာပဲ ကျတော့်အမျိုးသမီးက မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်၊ တိုက်ပွဲဖြစ်ချိန်တုန်းက ကျတော်တို့ အင်းပိုအုပ်စုဖက်ကိုရှောင်သွားတာဖြစ်တယ်၊ ပြန်ရောက်တာ ၆ လ ဝန်းကျင်ရှိပြီ” ဟု TWO ကို ပြောပါသည်။

တောင်ရှည်ကျေးရွာအုပ်စုအတွင်းတွင် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း တအာင်းတပ်မတော် (TNLA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့မှတိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသဖြစ်ပြီး မည်သည့်တပ်ဖွဲ့မှ အသုံးပြု ထောင်ထားသည် မိုင်းဖြစ်သည်ကို မသိရပါဟု ဆက်ပြောပါသည်။ဒေါ်သီတာမွှေးမိသားစုသည် ကလေး ၃ ဦးရှိသည့်အနက် တစ်ဦးမှာ အခြားနည်းဖြင့်မသန်စွမ်းသူ ဖြစ်ပြီး တောင်ယာစိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်စားသောက်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရသောကြောင့် မိသားစုဝမ်းစာရေးအခက်အခဲရှိသည်ဟု သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *