မှိုကောက်ရင်း မိုင်းနင်းမိတဲ့ နမ့်ခမ်းက အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပျက်
ရှမ်း/မြောက် နမ့်ခမ်းမြိုနယ်တွင် ဒေသခံ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပျက်သွားသည်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက် မနက် ၈ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ် ကောင်ဝိုင်းကျေးရွာက အသက် ၃၈ နှစ်အရွယ်ရှိတဲ့ ဦးထွန်းလှဆိုသူသည် မီးသွေးတွင်းသွားပိတ်ချိန်သည့်အချိန်တွင် မိုင်းနင်းပြီးခဲ့ခြင်း ဖြစ်ပါသည်။
“စယ်လန့်ရွာဘက်မှာ မီးသွေးသွားဖုတ်တာပေါ့နော်။ သူမီးသွေးတွင်းသွားပိတ်တဲ့အချိန်က မှိုတွေ့လို့ မှိုကောက်တဲ့အချိန်မှာပဲ နင်းမိတာ။ အဲရွာကလူတွေက သူ့မိန်းမကို ပြန်သွားခေါ်ပြီး နမ့်ခမ်းဆေးရုံမှာ ပို့ပေးလိုက်တာ” သည်ဟု ဒေသခံအမျိုးသားတစ်ဦးက တအာင်းအမျိုးသမီးအဖွဲ့စည်းကို ပြောပါသည်။
အဆိုပါ မိုင်းကြောင့် ဦးထွန်းလှ၏ ညာဖက်ခြေထောက်ပြတ်သွားကာ ခန္ဓာကိုယ်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါပြီး ဆေးကုသမှုခံယူနေဆဲ ဖြစ်သည်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်တွင်လည်း မူဆယ်မြို့နယ် တုန်ခံကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး နွားထွက်ကျောင်းနေစဉ် မြေမြှုပ်မိုင်းကို ဖိမိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။