တအာင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီမှ ၅လအတွင်း လေကြောင်းတိုက်ခိုက်မှု အခြေအနေ

မိတ်ဆက်ခြင်း

            အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ အနယ် နယ်အရပ်ရပ်မှပြည်သူလူထုများ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရသည့်အပြင် အိုးအိမ်များ စွန့်ခွာ နေရခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်။ နိုင်ငံအတွင်း ရှိပြည်သူများလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) စတင်ပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြပါသည်။