ကွတ်ခိုင်ဒေသခံအမျိုးသားတစ်ဦး ကျွဲကျောင်းနေစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်ရ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အင်မိန်းကျေးရွာအုပ်စု လွယ်ဆိုင်ကျေးရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်သွားသည်ဟု သိရပါသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့  ညနေပိုင်း ၃ နာရီအချိန်ခန့်  ၎င်းတို့  အိမ်အပေါ်ဘက်တွင်  ကျွဲကျောင်းရင်း   မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ 

ကာယကံရှင်၏ ညီဖြစ်သူမိုင်းအိုက်ညို့က “သူက ကျွဲကျောင်းနေတာ အိမ်ရဲ့အပေါ်ဘက်မှာဘဲလေ ပြီးတော့အရင် က အဲဒီမှာ စစ်ကောင်စီတပ်ကနေခဲ့တာ သူနင်းမိပြီးခြင်း ဘယ်သူမှသွားမခေါ်ရဲဘူး တစ်နာရီကြာမှ သွားကြည့်ရဲ တာ၊ ခြေထောက်ကတော့ တစ်ဖက်ဖြတ်လိုက်ရပြီ နောက်တစ်ဖက်ကလဲ မသေချာဘူးတဲ့ အရိုးတွေ‌ကြေပြီလေ သူ့လက်ချောင်းလဲထိတယ်” ဟု ပြောသည်။ 

မိုင်းအိုက်ကြိုင်သည် ဘယ်လက်သုံးချောင်းလဲ ပြတ်ထွက်ခဲ့သလို ညာခြေထောက် တစ်ဖက်လည်း ထပ်မံဖြတ်ပစ် လိုက်ရပြီး ဘက်ခြေထောက်အရိုးကြေမွေနေသောကြောင့် ဖြတ်ရနိုင်ချေရှိပြီး လက်ရှိနမ့်ခမ်းဆေးရုံတွင် ဆေးကုနေ ရသည်။ 

အဆိုပါမိုင်းနင်းမိသူသည့် မိုင်းအကြိုင် (၂၅ နှစ်) ဆိုသူဟာ ကလေးသုံးဦးရှိပြီး အမျိုးသမီးဖြစ်သူသည်လည်း ကိုယ်ဝန်ဆောင်ကာလဖြစ်နေသောကြောင့် ၎င်းတို့မိသားစုကို အလုပ်ကျွေးပြုဖို့ရန် လူမရှိတော့ပဲ မိသားစု စားဝတ်နေရေး အလွန်ခက်ခဲဖြစ်ပြီး အကူအညီလိုအပ်နေသည်ဟု  သူ၏ညီဖြစ်သူ  မိုင်းအိုက်ညို့က ထပ်မံဆို ပါသည်။ 

သတင်းဓာတ်ပုံ – TWO 

#မြေမြှုပ်မိုင်းနင်း #ခြေပျက်လက်ပျက် #လွယ်ဆိုင်ရွာ 

#တအာင်းအမျိုးသမီးအဖွဲ့အစည်း