နောင်ချိုမှာ အပင်သွားခုတ်နေသည့် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဆေးကုသစရိတ်အတွက် အကူအညီလိုအပ်
ရှမ်းမြောက် အကြမ်းဖက်စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် လုံဝယ်ကျေးရွာအုပ်စု လုံစံကျေးရွာတွင်အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် ကာယကံရှင်မိသားစုထံမှ သိရှိရပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက် ၂၀၂၅ ခုနှစ် နံနက်ပိုင်း ၇ နာရီအချိန်တွင် ကျေးရွာအနီးရှိ ဘုရားတောင်တွင် ကလေးလက်ယမ်းတိုင်သွားခုတ်ရာရင်း မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်ပါသည်။
“သူ့က မနက် ၇ နာရီမှာ ဘုရာတောင်ဘက်မှာ ကလေးကိုင်ဖို့အတွက် လက်ယမ်းတိုင် သွားခုတ်တာ၊
အဲမှာပဲ နင်းမိတယ်။ မိုင်းက အကြီးကြီးပဲ၊ ညာခြေထောက်မှာ ထိတာ။ ဒူးအပေါ်ပိုင်းအထိ ဖျက်ရတယ်၊၊ ဘယ်ခြေထောက်လဲ ဒဏ်ရာရတာရှိတယ်။ အခုလည်း ဆေးကုသနေရတုန်းပဲ။ ကလေးလည်းငယ်သေးတော့ ဆေးကုသစရိတ်အတွက် အကူအညီလိုအပ်နေတယ်” ဟုပြောပါသည်။
၎င်းသည် လက်ရှိအချိန်ထိ ပြင်းဦးလွင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၂၉ နှစ်အရွယ်ရှိ ဦးကျော်သူဦး ပဲဖြစ်ပြီး ဆေးကုသရန်အတွက်လည်း အကူအညီလိုအပ်ကြောင်း သိရှိရပါသည်။










Leave a Reply
Want to join the discussion?Feel free to contribute!