ဘုန်းကြီးကျောင်းအနီးတွင် ဝင်္ကပါရွာဒေသခံ တစ်ဦးမြေမြှပ်မိုင်းနင်းမိပြီး ခြေတစ်ဖတ်ပြတ်ဒဏ်ရာရရှိခဲ့

ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ဟိုမောအုပ်စု ဝင်္ကပါရွာ ဒေသခံအမျိုးသား တစ်ဦး သည် မြေမြှပ်မိုင်းနင်းမိပြီး ခြေတစ်ဖတ်ပြတ်ထွက်ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းမှာ အသက် ၂၅ နှစ်အရွယ်ရှိ ဝင်္ကပါရွာ ဒေသခံဖြစ်သူ မိုင်းညီကျိန်သည် နမ့်ဖတ်ကာမှ လွယ်ကန်ရွာသို့ ဖုန်းယူရန် သွားနေစ ဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားသည့် မြေမြှပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်ပါသည်၊၊

ကာယာကံရှင်ဖြစ်သူ မိုင်းညီကျိန်မှ “ကျတော်က လွယ်ကန်ဘက်မှာ ဖုန်းသွားယူမလို့လေ ရွာထဲတောင်မဝင်ရသေးဘူး၊ ရွာအဝင် ဘုန်းကြီးကျောင်းနားမှာ မိုင်းနင်းမိတယ်၊ ခြေထောက်မှာဒဏ်ရာရတယ်၊ ဘယ်ဘက်ခြေထောက်ဖျက်ရတယ် ” ဟု ပြောပါသည်။

အဆိုပါ မြေမြှပ်မိုင်းနင်းမိသည့်နေရာ လွယ်ကန်ကျေးရွာဘက်မှာ အကြမ်းဖက်စစ်ကောင်စီနှင့် ကချင်တပ်မတော်တို့အကြား တိုက်ပွဲမဖြစ်ခင်ကတည်းက အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်စွဲထားခဲ့သော နေရာဒေသတစ်ခု ဖြစ်ပါသည်။ 

၂၀၂၇ စစ်ဆင်ရေးကာလမှ ယနေ့အထိ တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ကောက်ယူစုဆောင်းထားသည့် မှတ်တမ်းအရ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူနှင့် နမ့်ဆန်မြို့နယ်တို့တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ကလေး(၁၂)ဦး အပါအ၀င် ဒေသခံ (၄၇)ဦး တို့သည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းဟောင်းနှင့် ၄င်းတို့၏လက်ရှိ တပ်စခန်း၀န်းကျင်  ဖြစ်ကြောင်း တွေ့ရှိရသည်။

#landmine#နမ့်ဖတ်ကာ

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *