အကြမ်းဖက်စစ်ကောင်စီ၏ မြေမြှုပ်မိုင်းနင်းမိကာ ပြင်းထန်သည့်ဒဏ်ရာကြောင့် အကြိမ်ကြိမ် ခြေထောက်ဖြတ် ထုတ်နေရပြီး ဆေးကုသရန်အခက်အခဲရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တုန်ခန်ကျေးရွာဘုန်းကြီးကျောင်း အနောက်ဘက်ရှိ တောထဲတွင် မီးသွေးလုပ်ငန်း လုပ်ဆောင်နေသော နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာနေ ဒေသခံတစ်ဦးသည် လွန်ခဲ့သော ဒီဇင်ဘာလ ၂၇ရက်နေ့ နေ့လည်၁၂နာရီကျော်အချိန် နေ့လည်ထမင်းစားရန်အတွက် ပြန်နေစဉ်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရကာ ယနေ့ထိ ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိပါသည်။

“ကျတော်က ထမင်းစားဖို့ တဲပြန်နေတာ ကျန်တဲ့ သူတွေက တဲမှာရောက်နေပြီ ပြန်တဲ့အချိန်မှာ တုန်ခန်ကနေ ၁၀၅ မိုင် ဘက်ပေါက်တဲ့ ဖြတ်လမ်းမှာပဲ မိုင်းနင်းမိတာ၊ ချက်ချင်းဆေးခန်းသွားတာ သူတို့လဲ မနိုင်ဘူးပြောလို့ AA စစ်သားတွေရဲ့ အကူအညီနဲ့ ပန်ဆိုင်းဘက် ပြန်သွားတယ် အဲမှာလဲ မနိုင်ဘူးပြောလို့ ဆေးထည့်ပြီးတော့ အရေးပေါ်ကားနဲ့ မုံးကိုးဘက်က ကိုးကန့်စစ်ဆေးရုံးမှာ ထပ်သွားတယ်၊ အဲမှာရောက်တော့ ၂၈ရက်နေ့မှာပဲ ခြေထောက်ကို ခြေတလုံးနားကနေဖြတ်လိုက်ရတာ၊ အနာမကြက်လို့ မနေ့တုန်းက နမ့်ခမ်းဆေးရုံသွားပြ ရသေးတယ်”ဟု မိုင်းငိုမှ ပြောပြသည်။

မိုင်းငိုသည် ညာဘက် ခြေ‌ဖနှောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသည့်အပြင် ဘယ်ဘက်ခြေတလုံး၊ ဒူး၊ ပေါင်တို့တွင်လည်း မိုင်းစများထိရှဒဏ်ရာရရှိကာ ကိုးကန့်စစ်တပ်၏ ရေပူစစ်ဆေးရုံတွင် ညာဘက်ခြေတလုံး ဖြတ်လိုက်ပြီးနောက် တစ်ပတ်/၁၀ရက်ခန့် ကြာပြီဖြစ်သော်လည်း ခြေထောက်၏ဒဏ်ရာမှာ မသက်သာသည့် အပြင် အရိုးမှာ ညိုမဲလာသဖြင့် ဒူးအောက်ပိုင်းတွင် ထပ်မံဖြတ်လိုက်ရသည်။

သို့သော် ၎င်းဒဏ်ရာမှာ သက်သာလာခြင်းမရှိဘဲ   တတိယအကြိမ် ဒူးအထက်ပိုင်းအထိ ထပ်မံဖြတ်လိုက်ရကြောင်း နှင့် (၄၃)ရက်ကြာ ဆေးကုသမှု ခံယူခဲ့ရကြောင်း ၎င်းမှ ထပ်မံပြောပြခဲ့ပါသည်။

မိုင်းငို မိုင်းနင်းမိသည့် တောင်ထိပ်တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီမှ တပ်စခန်းတစ်ခု လာရောက်တည်ဆောက်ပြီးနောက် တပ်စခန်းတလျောက် မြေမြှုပ်မိုင်းများ ပတ်ပတ်လည် ထောင်ထားကြောင်း ၎င်းဖခင်၏ ပြောပြချက်အရ သိရှိခဲ့ရသည်။

ဓါတ်ပုံ – TWO

#မိုင်းနင်းမိ#ခြေပြတ်#ဒေသခံ#နမ့်ခမ်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *