ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦ နေအိမ်ခြံရှင်းရင်း မိုင်းနင်းမိ

ရှမ်းတောင် ဆီဆိုင်မြို့နယ် တာပုထွန်းကျေးရွာ တွင် အမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းနင်းမိပြီး ညာခြေထောက် ဖြတ်ရသည်ဟုဒေသခံမှတစ်ဆင့်သိရပါသည်။

ဩဂုတ်လ ၂၈ ရက် ညနေပိုင်း  နာရီဝန်းကျင်တွင် နေအိမ်ခြံရှင်းရင်း နင်းမိသွားခဲ့သည်ဟု သိရပါသည်။

အမျိုးသားတစ်ဦး မှ “ ဘယ်သူက မြှပ်ထားလည်းမသိဘူး။ သန့်ရှင်းရေးလုပ်နေရင်းနဲ့ထိတာ။ ဆေးရုံတော့ဆင်းပြီး ဆေးတော့ သွားထည့်ရသေးတယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကိုပြောပါသည်။